လူတွေက လက်ရေးမူနဲ့ စာရေးနေတာ နှစ်ပေါင်းထောင်ချီရှိနေပါပြီ။ ရှေးခေတ်ကတည်းက သတင်းအချက် အလက်တွေကို မျှဝေဖို့၊ စီးပွားရေးလုပ်ဖို့နဲ့ မှတ်တမ်းတင်ဖို့ရာအတွက် စာရေးလို့ရသမျှကိရိယာတိုင်းကို တီထွင်ကြံဆအသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ကွန်ပြူတာတွေပေါ်လာပြီးနောက်ပိုင်းကွန်ပျူတာ စာစီစာရိုက် စကားလုံး အရေးအသားတွေကိုပဲ တွင်တွင်ကျယ်ကျယ် အလွယ်တကူသုံးလာကြပြီးတော့ ကိုယ်တိုင်ရေးထားတဲ့လက်ရေးမူက ပျောက်ဆုံးစပြုလာပါပြီ။
အခုအခါမှာတော့ လက်ရေးမူတွေက AI ရဲ့ အကူအညီနဲ့ တစ်ကျော့ပြန် အသုံးပြုမှုများလာနိုင်ခြေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ AI robots တွေက လူသားတွေရဲ့ ကိုယ်ပိုင်လက်ရေးမူအတိုင်း ရေးသားနိုင်နေပြီဖြစ်လို့ပါပဲ။
Handwrytten အမည်ရ ကုမ္ပဏီ တည်ထောင်သူ David Wachs က စီးပွားရေးလုပ်ငန်းတွေဟာ သူ့ကုမ္ပဏီရဲ့ robots တွေကို လက်ရေးမူတွေဖန်တီးဖို့ရာနဲ့ ကျေးဇူးတင်လွှာတွေဖန်တီးဖို့ရာ အသုံးပြုကြပါတယ်လို့ ဆိုပါတယ်။ ဒီနည်းက လက်ခံရရှိတဲ့သူတွေအနေနဲ့လည်း အလေးထားခံရကြောင်း ပိုပြီးသိသာစေပါတယ်။
အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီလိုလက်ရေးမူတွေကို အလှူရှင်တွေသဘောကျဖို့အတွက်အသုံးပြုကြပါတယ်။ “အဟောင်းတွေက အသစ်ပြန်ဖြစ်လာနေပြီ” လို့တောင် Wachs ကပြောပါသေးတယ်။
ဒီလို စက်ကနေစာရေးပေးတာမျိုးက အသစ်အဆန်းတော့မဟုတ်ပါဘူး။ တတိယမြောက် US သမ္မတ Thomas Jefferson က ဗြိတိန်တီထွင်သူ John Issac Hawkins ဖန်တီးထားတဲ့ Polygraph ကို အသုံးပြုခဲ့တာမျိုး ရှိပါတယ်။
ဒီတီထွင်မှုက အဲ့အချိန်ကာလမှာတော့ အကြီးကျယ်ဆုံးသော တီထွင်မှုလို့ဆိုပါတယ်။ Jefferson က သူ ကိုယ်ပိုင်ဖန်တီးထားတဲ့ သူ့ရဲ့ စာတွေကို ထပ်မံပွားဖို့အတွက် polygraph ကိုအသုံးပြုပါတယ်။ Jefferson ခေတ်ကတည်းက handwriting နည်းပညာက စတင် ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။
ဒီနည်းပညာက အခုအခါမှာတော့ 3D printing တွေမှာပါ ပါဝင်လာပြီလို့ Wachs က ဆိုပါတယ်။ အသုံးပြုသူတွေက သူတို့ရဲ့ notes တွေကို ဘယ်ပုံ ဘယ်နည်းမှတ်ရင် ပိုအဆင်ပြေနိုင်မယ်ဆိုတာကိုပါ AI က ကူညီပေးနိုင်လာပါပြီ။
လူတွေက ပုံနှိပ်စက်ပဲဖြစ်ဖြစ် polygraph ပဲဖြစ်ဖြစ် ကွန်ပျူတာ ဒါမှမဟုတ် စက်ရုပ်ပဲဖြစ်ဖြစ် ဘယ်အရာကိုပဲအသုံးပြုကြပါစေ သူတို့ရဲ့အလေးထားမှုကို ပိုမိုသိသာစေတဲ့ ဘယ်ကိရိယာကိုမဆို အသုံးပြုကြမှာပဲဖြစ်ပါတယ်။
Reference: AI-operated Robots Write Letters for Humans by VOA
AMC HACKS