“မဖြစ်မနေသိထားရမယ့် လုပ်ငန်းခွင်သုံး Tools (၅)ခု”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

မိတ်ဆွေကအခုမှ လုပ်ငန်းခွင်စဝင်မယ့်သူတယောက်လား..? ဒါဆိုရင်တော့ လုပ်ငန်းခွင်မှာ Productivity ကောင်းဖို့အတွက် အခုပြောပြမယ့် Tools (၅)ခုကို လိုအပ်ပါလိမ့်မယ်။

Microsoft Office – ဒါကတော့ ဘယ်လိုလုပ်ငန်းခွင်မှာမဆို အသုံးပြုရမယ့် Microsoft Word, Excel, Powerpoint တို့ပဲဖြစ်ပါတယ်။ စာရင်းအင်းတွေတွက်ဖို့ဖြစ်စေ၊ စာဖိုင်အဖြစ်သိမ်းထားဖို့ ဖြစ်စေ၊ မီတင်အတွက်ပြင်ဆင်ရာမှာဖြစ်စေ ဒီ Tools တွေကို လိုအပ်မှာပဲဖြစ်ပါတယ်။

Google Workspace – Google Drive, Google Docs/ Sheet, Google Meet, File Storage တို့အတွက် Online ကနေတဆင့် အသုံးပြုနိုင်တဲ့ Tools တွေဖြစ်ပါတယ်။ အထူးသဖြင့် အွန်လိုင်းကိုအဓိက မှီခိုပြီး ချိတ်ဆက်လုပ်ကိုင်နေကြရတဲ့ Digital Team တွေအတွက်မဖြစ်မနေလိုအပ်မယ့် Tools တွေဖြစ်ပါတယ်။

Microsoft Outlook – Email ပို့တာ၊ File sharing လုပ်တာတို့အတွက် အသုံးပြုရလွယ်ကူတဲ့ Gmail Management Tool တခုဖြစ်ပါတယ်။ အခြားသော Microsoft Tool တွေနဲ့လည်းချိတ်ဆက်သုံးလို့ရပါတယ်။

Notion – Project Management Tool တခုဖြစ်ပြီး Personal Use, Business Use နှစ်ခုလုံးအတွက်ရပါတယ်။ တဦးချင်းလုပ်ဆောင်ရမယ့် Task တွေကိုချမှတ်ထားနိုင်ခြင်း၊ Project တွေအားလုံးကို တနေရာတည်းမှာ Organize လုပ်ပေးခြင်း၊ Team Member အချင်းချင်း Communicate လုပ်ရတာလွယ်ခြင်းတို့ကြောင့် လုပ်ငန်းခွင် Productivity တက်စေမယ့် Tool တခုလည်းဖြစ်ပါတယ်။

Zoom – နောက်ဆုံးတခုကတော့ အွန်လိုင်းမီတင်အတွက် အသုံးပြုရလွယ်ကူစေတဲ့ Zoom ပါ။ File Sharing, Chatting, Online Communication တို့အတွက် လုပ်ငန်းခွင်မှာ မဖြစ်မနေလိုအပ်တာကြောင့် အသုံးပြုပုံတွေကိုလည်း ကြိုပြီး Familier ဖြစ်ထားသင့်ပါတယ်။

လုပ်ငန်းခွင်မှာ အမှန်တကယ် အသုံးပြုရတဲ့ Tools တွေဖြစ်တာကြောင့် အခုမှစပြီးလုပ်ငန်းခွင်ဝင်မယ့်သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

AMC HACKS

Related