“ပြိုင်ဘက်တွေထက် AI ခရီး နောက်ကျနေသေးတဲ့ Amazon”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Amazon ရဲ့ ကြီးမားတဲ့ AI ပရောဂျက်တစ်ခုဖြစ်တဲ့ Just Walk Out အမည်ရ cashier မလိုဘဲ ငွေရှင်းလို့ရတဲ့ နည်းပညာကို ပြန်လည်ရုပ်သိမ်းပြီးတာမှ နှစ်ပတ်တောင် မပြည့်သေးခင်မှာ CEO Andy Jassy က သုံးစွဲသူတွေအတွက် ကုမ္ပဏီရဲ့အကြီးမားဆုံးသောအောင်မြင်မှုတွေက generative AI ကို အသုံးချပြီး ဖြစ်တည်လာမယ်ဆိုတာ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Amazon က AI ပိုင်းမှာ ဈေးကွက်အရ နောက်ကျကျန်နေတာကို customers တွေလည်း သတိထားမိကြပေမယ့် Jassy က ကြာသပတေးနေ့ထုတ် နှစ်ပတ်လည် အစုရှယ်ယာဝင်စာစောင်မှာ “ကမ္ဘာကြီးကို ပြောင်းလဲစေမယ့် AI အများစုကို Amazon Web Services (aws) ကို သုံးပြီး တည်ဆောက်ကြလိမ့်မယ်” ဆိုတာ ပြောကြားထားပါတယ်။ AWS ဟာ ကမ္ဘာ့ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းအများစုက လုပ်ငန်းလည်ပတ်ရန် အားကိုးနေရတဲ့ cloud computing services တစ်ခုဖြစ်ကြောင်းလည်း ဆိုပါတယ်။

စာစောင်ထဲမှာ Jassy က generative AI ပိုင်းဆိုင်ရာ အသုံးချဖို့အတွက် ကုမ္ပဏီရဲ့ဗျူဟာအနေနဲ့က ‘OpenAI ရဲ့ ChatGPT လိုမျိုး လူကြိုက်များတဲ့ tools တွေကို ဖန်တီးဖို့ရာထက် အခြေခံကျတဲ့ AI models တွေကိုပဲ enterprise customers တွေကို ရောင်းချနိုင်ဖို့ရာ ပိုပြီး အလေးထားဆောင်ရွက်သွားမယ်’ လို့ သိရပါတယ်။ enterprise customers အနေနဲ့က Delta Air Lines၊ Siemens နဲ့ Pfizer တို့ ပါဝင်ကြောင်းလည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က ChatGPT ထွက်ပေါ်လာပြီးတဲ့နောက် Big Tech ကုမ္ပဏီကြီးတွေတင်မက start-up ကုမ္ပဏီတွေပါ အကောင်းဆုံး AI နည်းပညာကို တည်ဆောက်ဖို့ရာနဲ့ AI ကို အသုံးချပြီး ငွေရှာဖို့ရာအတွက် အပြိုင်အဆိုင်တွေ ပိုမိုပြင်းထန်လာနေတာပါ။ Google၊ OpenAI နဲ့ Anthropic AI လိုမျိုး အခြားလုပ်ဆောင်နိုင်စွမ်းမြင့်မားတဲ့ ကုမ္ပဏီတွေက ဒေါ်လာဘီလျံပေါင်းများစွာ အကုန်အကျခံပြီး‌တော့ AI bots တွေကို အသီးသီး ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ AI ပိုင်းဆိုင်ရာတွေကို သူတို့ရဲ့ လက်ရှိထုတ်ကုန်တွေမှာ ပေါင်းစပ်အသုံးချနိုင်ဖို့ရာ မှန်ကန်တဲ့နည်းလမ်းကို ကြိုးစားရှာဖွေနေရဆဲဖြစ်ပါတယ်။

Amazon က Generative AI အတွက် ဘီလျံပေါင်းများစွာကို ရင်းနှီးမြှုပ်နှံထားတာပါ။ မကြာသေးမီက ဒေါ်လာ 2.75 ဘီလျံကို ထပ်မံရင်းနှီးမြှုပ်နှံခဲ့ပြီးတဲ့နောက် သူရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုက  Anthropic မှာ ဒေါ်လာ 4 ဘီလျံအထိ ရောက်သွားခဲ့ပြီး minority ရှယ်ယာအဖြစ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ရှယ်ယာသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့က Anthropic က Amazon Web Services ကို အသုံးပြုလည်ပတ်ရမှာဖြစ်ပြီး Amazon ရဲ့ enterprise customers တွေကို Anthropic’s Claude ကို အသုံးပြုခွင့်ပေးရမှာပဲ ဖြစ်ပါတယ်။ Anthropic’s Claude က နာမည်ရနေတဲ့ generative AI models တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

AI နယ်ပယ်မှာ လေးစားဂုဏ်ပြုခံရတဲ့ AI ရှေ့ဆောင်တစ်ဦး ဖြစ်တဲ့အပြင် တရုတ်အင်တာနက်ကုမ္ပဏီ Baidu မှ သိပ္ပံပညာရှင်ဟောင်းတစ်ဦးဖြစ်တဲ့ AI expert Andrew Ng ကို ကြာသပတေးနေ့ကစလို့ Amazon က သူတို့ရဲ့ ဘုတ်အဖွဲ့ဝင်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ AI နည်းပညာ တိုးတက်မှုမှာ အသုံးချဖို့ရာ လိုအပ်တဲ့ ဒေတာစင်တာတွေ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဒေါ်လာဘီလျံပေါင်းများစွာ ထောက်ပံ့မယ့်အကြောင်းကတိကဝတ်ပြုခဲ့တယ်လို့ သိရပါတယ်။

Amazon က AI နယ်ပယ်ကို စိုးမိုးဖို့ရာ လမ်းစကို ရှာဖွေနေပေမယ့် သုံးစွဲသူတွေ သဘောကျမယ့် သူတို့နဲ့ ကိုက်ညီတဲ့ AI products တွေကို ဖန်တီးတဲ့နေရာမှာတော့ ကြိုးစားရုန်းကန်နေရတုန်းပါပဲ။ ယခုနှစ်အစောပိုင်းတုန်းက Rufus အမည်ရတဲ့ shopping assistant ကို မိတ်ဆက်ခဲ့ပါသေးတယ်။ Rufus ဟာ လက်ရှိ ရှာဖွေနေတဲ့ shopping experience ပေါ်မှာ ကောင်းကောင်း improve မလုပ်နိုင်တာကြောင့် ထင်သလောက် ခရီးမရောက်ခဲ့ပါဘူး။ စက်တင်ဘာလထဲမှာ ‘စမတ်ကျပြီး ပိုမိုစကားပြောဆိုနိုင်တဲ့’ Alexa assistant ကို မိတ်ဆက်ဖို့ရာ ကြေငြာထားပေမယ့်လည်း အခုထိတော့ customers တွေရဲ့ လက်ဝယ်ကို မရောက်လာနိုင်သေးပါဘူး။

Amazon ရဲ့စတော့ရှယ်ယာစျေးနှုန်းက အခုနှစ်ထဲမှာ 25 ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပေမယ့် ကုမ္ပဏီရဲ့ ငွေကြေးပိုင်ဆိုင်ရာမှာ အလွန်အကျွံသုံးစွဲထားတာတွေကနေတော့ အပြည့်အဝ recover မဖြစ်သေးပါဘူး။ 2022 နဲ့ 2024 ခုနှစ်ကြားတုန်းကလည်း ဝန်ထမ်း 27,000 ကျော်ကို အလုပ်ကထုတ်ပယ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့အပတ်ထဲမှာတင်ကို ဒီ lay off ကိစ္စတွေက ရှိနေခဲ့တာပါ။ cashierless checkout program ပေါ်မှာ တာဝန်ယူထားတဲ့ ဝန်ထမ်းရာကျော်ကိုလည်း ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

စာစောင်ထဲမှာ Jassy က fulfillment နဲ့ logistics ပိုင်းတွေမှာ လုပ်ငန်းပိုင်းဆိုင်ရာ အရင်ကထက် ပိုမိုထိရောက်လာတာကြောင့် အဲ့အပိုင်းတွေမှာ ကုန်ကျစရိတ်တွေ လျော့ချဖို့ရာ ဆက်လက်ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ “fulfillment network ရဲ့ အစိတ်အပိုင်းတိုင်းကို ပြန်လည်အကဲဖြတ်ပြီးတဲ့အခါမှာ ကုန်ကျစရိတ်လျော့ချနိုင်ရုံသာမက customers တွေကို ပိုမိုမြန်ဆန်စွာ support ပေးနိုင်မယ့် အပိုင်းတွေ များစွာ တွေ့ရှိခဲ့တယ်” လို့လည်း ဆိုပါတယ်။

Reference: The future of AI will run on Amazon, company CEO says by TheWashingtonPost

AMC HACKS

Related