Leicester တက္ကသိုလ်ရဲ့ study တစ်ခုအရ လူတစ်ဦးမှာ သေစေနိုင်တဲ့ နှလုံးခုန်နှုန်း ရှိနေတာ ဟုတ်မဟုတ်ကို AI သုံးပြီး ခန့်မှန်းကြည့်တာ 80% မှန်ကန်မှုအထိ ရခဲ့တယ်လို့သိရပါတယ်။
Dr Joseph Barker က ဦးဆောင်ပြီးတော့ ပါမောက္ခ Andre Ng နဲ့ တွဲဖက်လေ့လာခဲ့တဲ့ ဒီ study ကို Digital Health ဂျာနယ်မှာထုတ်ဝေခဲ့ပါတယ်။
Ventricular arrhythmia (VA) ဆိုတာက သွေးလွှတ်ခန်းကနေစပြီး နှလုံးခုန်နှုန်း မတည်မငြိမ်ဖြစ်တဲ့ အခြေအနေပဲဖြစ်ပါတယ်။ နှလုံးခုန်နှုန်းတွေ တအားမြန်လာပြီး သွေးဖိအားတွေ ရုတ်တရက်ထိုးကျကာ အချိန်မီ မကုသဘူးဆိုရင် သတိလစ်ပြီး အသက်အန္တရာယ်ပါဆုံးရှုံးနိုင်ပါတယ်။
ဒီလေ့လာမှုအတွက် အသုံးပြုတဲ့ AI tool က မိမိအိမ်ကိုယ်စီမှာ နေထိုင်ကြတဲ့ အရွယ်ရောက်ပြီးသူ အယောက် ၂၇၀ ရဲ့ ECG အဖြေတွေကို ဆန်းစစ်လေ့လာထားတာပဲ ဖြစ်ပါတယ်။ AI tool ကို Dr Barker ဦးဆောင်ပြီး Dr Xin Li နဲ့ ပူးတွဲဖန်တီးထားတာဖြစ်တယ်လို့သိရပါတယ်။
ဒီအရွယ်ရောက်ပြီးသားသူတွေမှာ NHS ရဲ့ စောင့်ရှောက်မှုတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ECG မှတ်တမ်းတွေက 2014 ကနေ 2022 ခုနှစ်အကြားအထိ ရှိထားပြီးသား ဖြစ်ပါတယ်။ လူနာတွေထဲက 159 ဦးကတော့ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ သွေးကြောမူမမှန်မှုတွေကို ခံစားရတာမျိူး ရှိပါတယ်။
AI tool, VA-ResNet-50 ကို လူနာတွေရဲ့ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်နေတာဟုတ်မဟုတ် စစ်ဖို့အတွက်လည်း အသုံးပြုခဲ့ပါသေးတယ်။ “ဒါက အင်မတန် အရေးပါတဲ့ လေ့လာမှုတစ်ခုပါပဲ၊ Dr Barker နဲ့ Dr Xin Li တို့ရဲ့ မပါရင် ဒီလေ့လာမှုကတော်တော်နဲ့ ခရီးရောက်ခဲ့မှာမဟုတ်ပါဘူး” လို့ ဂျာနယ်ထဲမှာလည်း ဖော်ပြထားပါတယ်။
Dr Barker ရဲ့ ကြိုးပမ်းမှုကို Van Geest Foundation Award နဲ့ Heart Rhythm Society Scholarship တို့ဖြင့် အသိအမှတ်ပြုထားပြီးတော့ အလုပ်ပိုမိုတိုးတက်စေဖို့အတွက် သုတေသနများ ပိုမိုလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
Reference: AI tool predicts lethal heart rhythm with 80% accuracy by NewsMedical
AMC HACKS