“တရုတ် Search Engine ကြီး Baidu နဲ့ပူးပေါင်းပြီး တရုတ် AI နယ်ပယ်မှာ အသက်ရှူချောင်အောင် လုပ်တော့မယ့် Apple”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

အမေရိကန် နည်းပညာကုမ္ပဏီကြီး Apple ဟာ ယခုနှစ် တရုတ်ပြည်မကြီးဈေးကွက်မှာ ၎င်းရဲ့ iPhone 16 နဲ့ အခြားထုတ်ကုန်များအတွက် generative artificial intelligence (AI) နည်းပညာကို ပံ့ပိုးပေးရန်အတွက်တရုတ်ရှာဖွေရေးအင်ဂျင်ကုမ္ပဏီကြီး Baidu ကိုရွေးချယ် ခဲ့ကြောင်း တရုတ်မီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။

Apple ဟာ ၎င်းရဲ့ iPhone 16၊ Mac OS နဲ့ iOS 18 အတွက် တရုတ်နိုင်ငံမှာ Baidu ရဲ့ Ernie Bot ကို အသုံးပြုမှာဖြစ်ပြီး Alibaba Group Holding နဲ့ Tsinghua University နဲ့ ချိတ်ဆက်ထားသော AI ကုမ္ပဏီတစ်ခု အပါအဝင် အခြားသော တရုတ်ကုမ္ပဏီများနဲ့ပါ ဆွေးနွေးခဲ့တယ်လို့ Shanghai United Media Group လက်အောက်ရှိ မီဒီယာတစ်ခုဖြစ်သည့် China Star Market မှ တနင်္လာ နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Apple ဟာ တရုတ်နိုင်ငံပြင်ပမှာ ၎င်းရဲ့ ကိုယ်ပိုင် AI မော်ဒယ်ကို အသုံးပြုမှာဖြစ်သော်လည်း လိုက်နာမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပေါ် အခြေခံပြီး တရုတ်ပြည်မကြီးဈေးကွက်အတွက် ပြည်တွင်းမှာ တည်ဆောက်ထားသော နည်းပညာကို အသုံးပြုမယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်များကိုကိုးကားထားတဲ့အစီရင်ခံစာက ဆိုပါတယ်။

ဟောင်ကောင်ရှိ Baidu ရဲ့ရှယ်ယာစျေးနှုန်းများဟာ တနင်္လာနေ့နံနက်မှာ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တစ်ရက်တာအတွက် HK$100.7 ဖြင့် ပိတ်ကာ 2.55 ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။ Baidu ဟာ အစီရင်ခံစာအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သလို Apple ဟာလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

Apple ဟာ ၎င်းရဲ့ iPhone နဲ့ တရုတ်နိုင်ငံရှိ အခြားထုတ်ကုန်များမှာ တရုတ်ကုမ္ပဏီရဲ့ generative AI ကို အသုံးပြုရန်အတွက် Apple မှ search engine ကုမ္ပဏီကြီး Baidu နဲ့ ကနဦး ဆွေးနွေးခဲ့ကြောင်း Wall Street Journal ရဲ့သောကြာနေ့တွင် ဖော်ပြခဲ့သော သတင်းကို ကိုးကားပြီး တရုတ်ပြည်တွင်းမီဒီယာဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။

Apple အမှုဆောင်ချုပ် Tim Cook ရဲ့ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေစဉ်အတွင်း ၎င်းဟာ ရှန်ဟိုင်းမှာ လက်လီစတိုးဆိုင်သစ်ဖွင့်လှစ်ကာ နိုင်ငံအတွက် ၎င်းရဲ့ကတိကဝတ်ကို စျေးကွက်နဲ့ ထုတ်လုပ်မှုအခြေခံအဖြစ် ပြန်လည်ဆန်းသစ်ရန် အဓိကတရုတ်ပေးသွင်းသူများနှင့် တွေ့ဆုံစဉ်မှာပဲ အဆိုပါအကြောင်းကိစ္စထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ကုမ္ပဏီဟာ ၎င်းရဲ့ Vision Pro mixed နားကြပ်ကို ယခုနှစ်နှောင်းပိုင်း ပြည်မကြီးဈေးကွက်မှာ စတင်ရောင်းချရန် စီစဉ်နေကြောင်း ကွန်ဖရင့်မှာ Cook က ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင်ရုပ်သံ CCTV မှ တနင်္ဂနွေနေ့တုန်းက ဖော်ပြခဲ့ပါတယ်။

Apple ဟာ တရုတ်နိုင်ငံမှာ ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းနဲ့အတူ 2024 ခုနှစ် ပထမခြောက်ပတ်မှာ iPhone ရောင်းအားဟာ မနှစ်ကထက် 24% ကျဆင်းသွားကြောင်း Counterpoint Research ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ပြိုင်ဆိုင်မှုများ တိုးမြင့်လာခြင်းနဲ့ သုံးစွဲသူအသုံး စရိတ်များ ဆိတ်သုဉ်းခြင်းကြောင့် ပြည်မကြီးမှ စမတ်ဖုန်းရောင်းအားစုစုပေါင်းဟာ ကာလတူထက် ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ကုမ္ပဏီဟာ ပြန်လည်ထွန်းကားလာတဲ့ Huawei နည်းပညာများနဲ့ မြင့်မားသောစျေးကွက်မှာ ပြိုင်ဆိုင်မှုပြင်းထန် လာသလို Oppo၊ Vivo နဲ့ Xiaomi တို့ကဲ့သို့ ကုမ္ပဏီကြီးများရဲ့ ပြင်းထန်သောစျေးနှုန်းပြိုင်ဆိုင်မှု အလယ်မှာ အခက်ကြုံနေရကြောင်း Counterpoint အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

Samsung က Baidu ရဲ့ Ernie large language model (LLM) ကို သူရဲ့ နောက်ဆုံးပေါ် 5G device မှာ ချိတ်ဆက်ဖို့ ရာထားတာကြောင့်လည်း Apple နဲ့ Baidu တို့ ကြားထဲက partnership ရှိနိုင်ခြေပေါ်လာတာပဲ ဖြစ်ပါတယ်။ Samsung က Google ရဲ့ Gemini AI နည်းပညာကို 5G smartphones တွေမှာ နှစ်ရှည် ပါတနာတွေအနေနဲ့ AI စနစ်ထည့်သွင်း‌ပေးသွားမှာပဲ ဖြစ်ပါတယ်။

Samsung ရဲ့ China arm နှင့် Baidu AI Cloud အကြားက ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအောက်မှာ မကြာသေးမီက ထုတ်ဖော်ပြသခဲ့တဲ့ Galaxy S24 စီးရီးတွေမှာ “Circle to Search” feature အသစ်ကို လုပ်ဆောင်ဖို့အတွက် Ernie LLM ကို အသုံးပြုမှာပဲဖြစ်ပါတယ်။

တရုတ်အွန်လိုင်းရှာဖွေရေးနဲ့ AI ကုမ္ပဏီက ပေးဆောင်တဲ့ ရလဒ်တွေနဲ့အတူ စာသားတွေ ရုပ်ပုံ‌တွေတင်မက ဗီဒီယိုတွေကို ပြည်မကြီးထဲကနေ ရှာဖွေနိုင်ကြောင်း ဇန်နဝါရီလတွင် ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။

ဒါပေမယ့် AI က ထုတ်ပေးသောအကြောင်းအရာတွေက အစိုးရခွင့်ပြုချက်နဲ့ ကိုက်ညီကြောင်း သေချာစေဖို့ ပြည်မကြီးအာဏာပိုင်တွေက ယခုနှစ်မှာ AI မှထုတ်ပေးသောအကြောင်းအရာများနဲ့ ပတ်သက်ပြီးတော့ စည်းမျဥ်းစည်းကမ်း‌တွေ ထုတ်ပြန်ထားတာကြောင့် AI ဝန်ဆောင်မှုပေးသူတွေလည်း စည်းကမ်းကန့်သတ်ချက်များနဲ့ ရင်ဆိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက တရုတ်နိုင်ငံဟာ ပြည်တွင်းမှ ထုတ်ပေးသော AI ဝန်ဆောင်မှုများကို ထိန်းချုပ်တဲ့ အသေးစိတ်စည်းမျဉ်းများကို ချမှတ်ခဲ့ပြီး ကမ္ဘာပေါ်ရှိ ထွန်းသစ်စနည်းပညာနဲ့ ပတ်သက်တဲ့ စည်းမျဉ်းများကို အကောင်အထည်ဖော်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

Reference: Apple to install Baidu AI on its iPhone 16 and other products in China, report says by South China Morning post

AMC HACKS

Related