ထိုင်ဝမ်မှာ သမ္မတရွေးကောက်ပွဲကို အစမ်း ကျင်းပပြီးတဲ့နောက် ယခုနှစ်အတွင်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အနှောင့် အယှက်ပေးဖို့ရာ တရုတ်က ကြိုးပမ်းနိုင်ခြေရှိကြောင်း Microsoft မှ သတိပေးထားပါတယ်။
US နည်းပညာကုမ္ပဏီတစ်ခုကလည်း မြောက်ကိုးရီးယားပါပူးပေါင်းပါဝင်ထားတဲ့ တရုတ်ကျောထောက်နောက်ခံ ဆိုင်ဘာအဖွဲ့တွေက ထိပ်တန်းရွေးကောက်ပွဲတွေကို ပစ် မှတ်ထားလိမ့်မှာဖြစ်ကြောင်း သောကြာနေ့က အစီရင်ခံမှာ သတိပေးထုတ်ပြန်ထားပါတယ်။
“တရုတ်ဆိုင်ဘာအဖွဲ့တွေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေ နောက်ပြီး တချို့ မြောက်ကိုးရီးယား ဆိုင်ဘာအဖွဲ့တွေကြောင့် မဲရုံကို သွားရောက်မဲပေးကြမယ့် အိန္ဒိယ၊ တောင်ကိုရီးယား နဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လောက်ထိ လွှမ်းမိုးနိုင်မယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်” လို့လည်း ပြောကြားထားပါသေးတယ်။
အနည်းဆုံးတော့ တရုတ်ဟာ ဒီထိပ်တန်းရွေးကောက်ပွဲတွေမှာ AI သုံးပြီး ဖန်တီးထားတဲ့ သူတို့အတွက် အကျိုး အမြတ်ရှိစေမယ့် အရာတွေကို social media မှာ ဖြန့်ဝေလိမ့်မယ်လို့ Microsoft က ဆိုပါတယ်။
AI ကနေ ဖန်တီးထားတဲ့ content တွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်က နည်းပေမယ့်လို့ အပြောင်းအလဲတွေ ဖြစ်သွားနိုင်ကြောင်းလည်း သတိပေးထားပါတယ်။
“ဒီလိုနည်းနဲ့ ပြည်သူတွေရဲ့စိတ်ကို ယိမ်းယိုင်အောင်လုပ်ဖို့ဆိုတာ မလွယ်ပေမယ့် memes တွေ ဗီဒီယိုတွေ အသံဖိုင်တွေကို တွေ့၊မြင်၊ကြားပါများလာရင်ကတော့ အကျိုးသက်ရောက်မှု များလာနိုင်တယ်” လို့ Microsoft က ဆိုပါတယ်။
ဇန်နဝါရီလတုန်းကကျင်းပတဲ့ထိုင်ဝမ်သမ္မတရွေးကောက် ပွဲမှာတုန်းက တရုတ်နိုင်ငံက AI အသုံးပြုပြီး ဖန်တီးထားတဲ့ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုတစ်ခု ပြုလုပ်ဖို့ရာ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း Microsoft ရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။ AI ကို သုံးပြီး နိုင်ငံခြားရွေးကောက်ပွဲကို လွှမ်းမိုးဖို့ရာ ကြိုးပမ်းမှုကတော့ ဒါ ပထမဆုံးအကြိမ်တွေ့မြင်ရခြင်းဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Spamouflage ဒါမှမဟုတ် Dragonbridge လို့လည်း လူသိများတဲ့ Storm 1376 အမည်ရ ပေကျင်းကျောထောက်နောက်ခံအဖွဲ့က ထိုင်ဝမ်ရွေးကောက်ပွဲကာလတွေအတွင်းမှာ အလွန်တက်ကြွစွာလှုပ်ရှားပါဝင်ခဲ့ပါတယ်။
ရွေးကောက်ပွဲအပေါ်ကို ဩဇာလွှမ်းမိုးဖို့ရာ ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်စားလှယ်လောင်း Terry Gou ရဲ့ YouTube မှာ တခြားကိုယ်စားလှယ်လောင်းကို ထောက်ခံတဲ့ အသံအတုတွေ လွှင့်တင်တာမျိုးလည်း ရှိခဲ့ပါတယ်။
Microsoft ကနေလည်း ဒီ video က AI အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အသုံးပြုသူအများအပြားထံ မရောက်ရှိခင်မှာပဲ ဒီ video ကို YouTube ကနေ ဖျက်ချနိုင်ခဲ့ပါတယ်။
ဘေဂျင်းပြည်သူတွေ ဆန့်ကျင်ပေမယ့်လို့ အောင်မြင်မှု အတော်အတန်ရရှိထားတဲ့ ကိုယ်စားလှယ်လောင်း William Lai ကိုလည်း AI သုံးပြီး ဖန်တီးထားတဲ့ memes တွေနဲ့ နိုင်ငံပိုင်ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲတာမျိုး၊ အလားတူအခြေအမြစ်မရှိတဲ့ သတင်းတွေလည်း ဖြန့်ခဲ့ကြပါသေးတယ်။ စွပ်စွဲချက်တစ်ခုဖြစ်တဲ့ တရားမဝင် ကလေးမွေးထားတာရှိကြောင်းကိုလည်း TV ချန်နယ်ကနေလွှင့်တဲ့ သတင်းပုံစံအနေနဲ့ ဖန်တီးပြီး ဖြန့်ခဲ့ပါသေးတယ်။
TikTok app ရဲ့ ပိုင်ရှင် ဖြစ်တဲ့ တရုတ်ကုမ္ပဏီByteDance ကနေထုတ်ထားတဲ့ CapCut ကို သုံးပြီး ဒီချန်နယ်သတင်း ပုံစံကို ဖန်တီးထားတာဖြစ်တယ်လို့ Microsoft က ဆိုပါတယ်။
တရုတ်အုပ်စုတွေက အမေရိကန်မှာလည်း သြဇာလွှမ်းမိုးမှုရှိတဲ့ ကမ်ပိန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ Microsoft က ဆိုပါတယ်။ ဘေဂျင်းကို ကျောထောက် နောက်ခံပြုထားတဲ့ သရုပ်ဆောင်တွေကလည်း US မဲဆန္ဒရှင်တွေအကြားမှာ သဘောထားကွဲလွဲစေဖို့ social media ကို အသုံးပြုလှုံ့ဆော်နေကြပါတယ်။
“ဒါက အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာ အဓိကမဲပေးမယ့် လူဦးရေစာရင်းကို တိတိကျကျ ထောက်လှမ်းဖို့ရာ ဖြစ်နိုင်တယ်” လို့ Microsoft ကဘလော့ဂ်ပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
Microsoft မှ errors များကြောင့် အစိုးရကျောထောက် နောက်ခံပြုထားတဲ့ တရုတ်ဆိုက်ဘာအော်ပရေတာများက အမေရိကန်အကြီးတန်းအရာရှိများရဲ့ အီးမေးလ်အကောင့်များအတွင်းသို့ ဖောက်ထွင်းဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အိမ်ဖြူတော်မှ ခန့်အပ်ထားတဲ့ တရားဝင်ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့မှ ကြေညာခဲ့တဲ့ ရက်သတ္တပါတ်အတွင်းမှာပဲ ထိုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာ အမေရိကန်နဲ့ ဗြိတိန်အစိုးရများက တရုတ်ကျောထောက်နောက်ခံပြု ဟက်ကာများဟာနိုင်ငံရေး သမားများ၊ ဂျာနယ်လစ်များနဲ့ စီးပွားရေးလုပ်ငန်းများအပြင် UK ရဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကို ပစ် မှတ်ထားပြီး နှစ်ရှည်ကြာ ဆိုက်ဘာမဲဆွယ်မှုများ ပြုလုပ်နေတယ်လို့ပါ စွပ်စွဲခဲ့ကြပါသေးတယ်။
Reference: China will use AI to disrupt elections in the US, South Korea and India, Microsoft warns by TheGuardian
AMC HACKS