“စီးပွားရေးအမှတ်တံဆိပ်/ Logo ဖန်တီးနိုင်မယ့် Namecheap”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

အွန်လိုင်းစီးပွားရေး စလုပ်မယ့်သူတွေအတွက် social media မှာသုံးဖို့ ကိုယ်ပိုင်အမှတ်တံဆိပ်၊ Logo ဆွဲဖို့ဆိုရင် “Namecheap” ဆိုတဲ့ Logo Maker လေးအဆင်ပြေပါတယ်။ Free သုံးလို့လည်းရပြီးတော့ ကိုယ်တိုင်အလွယ်တကူ ဖန်တီးနိုင်မယ့် Tool တခုပါ။

သုံးနည်းကတော့ Website ထဲကိုဝင်
– Business Name
– Business Type
– favourite font
– favourite icon
တို့ကိုထည့်ပြီး ရွေးပြီးတာနဲ့ သူ့ဘက်ကနေ‌ ပုံစံမတူတဲ့ရွေးချယ်စရာ ၁၀မျိုးလောက်ထုတ်ပေးလိမ့်မယ်။ အဲထဲမှာ ကိုယ်ကြိုက်တဲ့ပုံကို‌ရွေးပြီး download ယူသုံးရုံပါပဲ။

Paid Plan ဝယ်လိုက်ရင် စီးပွားဖြစ်အတွက်ပါ သုံးနိုင်ပါတယ်။ အွန်လိုင်းလုပ်ငန်းတွေ၊ တနိုင်တပိုင်စီးပွားရေးတွေအတွက် ဆွဲပေးတာမျိုး။ Professional Design
အလန်းစားတွေတော့မရဘူးပေါ့။

အဆင်ပြေပါစေခင်ဗျာ။

AMC HACKS

Related