“စီးပွားဖြစ်အသုံးချနိုင်မယ့် Cleanup Picture”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

လိုင်းပေါ်ကဖြစ်စေ၊ အပြင်မှာဆိုင်ဖွင့်ပြီးဖြစ်စေ စီးပွားဖြစ်သုံးနိုင်မယ့် နောက်ထပ် Tool လေးတခုကတော့ Cleanup Picture ဆိုတာလေးပါ။ AMC HACKS Library ထဲကသူတွေကတော့ ဒီ Tool အကြောင်းသိပြီးသား ဖြစ်မှာပါ။ ဒီ Cleanup Picture ကိုသုံးပြီးတော့ ဘယ်လိုတွေ ဝန်ဆောင်မှုပေးနိုင်မလဲဆိုရင်

၁။ ဓာတ်ပုံထဲကမလိုချင်တဲ့ အစိတ်အပိုင်းတွေကို ဖယ်ပစ်လို့ရတယ်။

၂။ ဓာတ်ပုံတွေရဲ့ Quality ကောင်းအောင်လုပ်လို့ရတယ်။ မိဘပုံတွေ ဆရာပုံတွေ သက်တမ်းကြာနေတဲ့ ပုံဟောင်းတွေ၊ ဝါးနေတာတွေကိုကြည်အောင်လုပ်ပေးနိုင်တယ်။

၃။ နောက်ခံကာလာပြောင်းတာ၊ ကောင်းကင်အရောင်ပြောင်းတာ၊ နောက်ခံတခုလုံးဖယ်ထုတ်ပစ်လိုက်တာ၊ နောက်ခံအစားထိုးထည့်ပေးတာတွေ လုပ်လို့ရတယ်။

၄။ မျက်နှာလဲတာ လုပ်လို့ရတယ်။ ဒီဟာဆိုရင် ဓာတ်ပုံတွေမှာ ကိုယ်လုံးကတခြားသူကိုယ်လုံးနဲ့ ကိုယ့်မျက်နှာကိုပဲ ပြောင်းတပ်လိုက်တာမျိုး။

၅။ ဓာတ်ပုံကိုဖြည့်ပေးတာမျိုးလုပ်လို့ရတယ်။ ကိုယ်တပိုင်းပဲပါတာမျိုးတွေဆိုရင် ခြေထောက်ပိုင်းနေရာကို အော်တိုဖြည့်ပေးသွားတာမျိုးလုပ်ပေးနိုင်တယ်။

အပြင်မှာဓာတ်ပုံဆိုင်ဖွင့်ထားတဲ့သူတွေမှာလည်း ဒီလိုဝန်ဆောင်မှုတွေပေးကြပါတယ်။ ဒါကို လိုင်းပေါ်ကနေ Service ပေးလည်းရတယ်။Feature စုံစုံလင်လင်နဲ့ Service အတွက်သုံးမယ်ဆိုရင် တလကို 3$ ကအဆင်ပြေတဲ့နှုန်းလို့ပြောရမယ်။ အစပိုင်းမှာ Free နဲ့ပဲ စမ်းချင်လည်းရပါတယ်။

AMC HACKS

Related