Amazon က စင်ကာပူနိုင်ငံမှာ ၎င်းရဲ့ cloud computing infrastructure ကို ထပ်မံတိုးချဲ့ဖို့ရာအတွက် လာမယ့်လေးနှစ်အတွင်း စင်ကာပူဒေါ်လာ 12 ဘီလျံ (အမေရိကန်ဒေါ်လာ 8.88 ဘီလျံ) ရင်းနှီးမြှုပ်နှံဖို့ရာ စီစဉ်ထားတယ်လို့ သိရပါတယ်။
စင်္ကာပူမှာရှိတဲ့ cloud နည်းပညာနဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာမှာ တိုးပွားလာတဲ့ customers တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ရာဖြစ်တယ်လို့ Amazon Web Services (AWS) မှ အင်္ဂါနေ့ (မေလ ၇ ရက်) တုန်းက ပြောကြားခဲ့ပါတယ်။
ဒီရင်းနှီးမြုပ်နှံမှုအသစ်နဲ့အတူ AWS ရဲ့ လက်ရှိ cloud infrastructure အတွက် plan ထားတဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုက 2028 ခုနှစ်မှာ စင်ကာပူဒေါ်လာ 23ဘီလျံကျော်အထိ နှစ်ဆတိုးလာမှာ ဖြစ်ကြောင်း မီဒီယာထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားထားပါတယ်။
AWS ကို အမေရိကန်နဲ့ ဥရောပတွင်းမဟုတ်ဘဲ ပြင်ပနိုင်ငံတစ်ခုဖြစ်တဲ့ စင်္ကာပူမှာ 2010 က စလို့ စတင်တိုးချဲ့ခဲ့ပါတယ်။ ယခုတစ်ခါ ထပ်လောင်းရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုတဲ့အနေနဲ့ ဆက်သွယ်ရေးနဲ့ပြန်ကြားရေးဆိုင်ရာ အကြီးတန်းဝန်ကြီး Tan Kiat How က AWS လိုမျိုး cloud ဝန်ဆောင်မှုတွေက စင်ကာပူနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဂေဟစနစ် ကြီးထွားဖို့အတွက် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။
“cloud ဝန်ဆောင်မှုပေးသူတွေက ဒစ်ဂျစ်တယ် infrastructure အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့အပြင် enterprise လုပ်ငန်းတွေအတွက် လိုအပ်တဲ့ အတွက်အချက်နဲ့ သိုလှောင်မှုလိုမျိုး ဒစ်ဂျစ်တယ်အရင်းအမြစ်တွေနဲ့ AI လိုမျိုး အဆင့်မြင့် နည်းပညာစွမ်းဆောင်ရည်တွေကိုပါ အလွယ်တကူရရှိနိုင်စေပါတယ်” လို့ စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ 10th AWS ASEAN Summit မှာ Mr Tan က ပြောကြားခဲ့ပါတယ်။
အဲ့ဒါအပြင် အလုပ်အကိုင် အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်ကြောင်း ဆိုပါတယ်။ “လက်ရှိ စင်ကာပူမှာ နည်းပညာကျွမ်းကျင်ပညာရှင် ၂၁၀,၀၀၀ ခန့်ရှိပြီး၊ ပြီးခဲ့တဲ့ငါးနှစ်အတွင်း ၄.၇ ရာခိုင်နှုန်း တိုးလာတယ်” လို့ မစ္စတာတန်က ပြောကြားပါသေးတယ်။
Amazon က ၎င်းရဲ့ cloud ဝန်ဆောင်မှုပိုင်း၊ operations ပိုင်း၊ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဒေတာအင်ဂျင်နီယာပိုင်းတွေ အပါအဝင် စင်ကာပူမှာရှိတဲ့ စီးပွားရေးပိုင်းဆိုင်ရာအတွက် အလုပ်သမား 2,000 ကျော်ကို ငှားရမ်းထားတယ်လို့ သိရပါတယ်။
AWS ရဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်နိုင်မှုလေ့လာချက်အရ ဒီရင်းနှီးမြှုပ်နှံမှုကြောင့် စင်ကာပူနိုင်ငံရဲ့ GDP ကို စင်ကာပူဒေါ်လာ ၂၃.၇ ဘီလျံခန့်ထိ ရရှိသွားစေနိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ AWS နဲ့ ၎င်းကို အသုံးပြုကြမယ့် ကုမ္ပဏီတွေကနေလည်း 2028 ခုနှစ်အထိ အလုပ်အကိုင်ပေါင်း 12,300 ကျော်ကို ပံ့ပိုးပေးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
“ဒီရင်းနှီးမြုပ်နှံမှုက စင်္ကာပူနိုင်ငံတဝှမ်း စီးပွားရေးတိုးတက်မှုနဲ့ cloud နည်းပညာမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ရရှိစေမှာပါ။ ဒစ်ဂျစ်တယ် လုပ်သားအင်အားကို မြှင့်တင်ပေးနိုင်မယ့်အပြင် AWS လည်ပတ်နေတဲ့ community တွေမှာလည်း အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖန်တီးပေးနိုင်တာကြောင့် ဒေသတွင်းစီးပွားရေးအတွက် အထောက်အပံ့ကောင်းတွေ ပေါများလာမှာပါ” ဟု စင်ကာပူနိုင်ငံရဲ့ AWS မန်နေဂျာ Priscilla Chong ကလည်း ပြောကြားထားပါတယ်။
AWS ဟာ AWS AI Spring အမည်ရတဲ့ ပရိုဂရမ်အသစ်နဲ့ စင်ကာပူနိုင်ငံရဲ့ AI ကဏ္ဍမှာလည်း ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
စင်္ကာပူအစိုးရရဲ့ AI ပိုင်းဆိုင်ရာ ပဏာမခြေလှမ်းတွေကို ပူးပေါင်းဆောင်ရွက်ကြခြင်း၊ AI ကျွမ်းကျင်မှုနဲ့ ပရော်ဖက်ရှင်နယ် အသိအမှတ်ပြုလက်မှတ် ပေးအပ်နိုင်ဖို့ အစီအစဉ်တွေအပြင် စင်ကာပူမှာရှိတဲ့ AI start-up တွေကို ကူညီပံပိုးပေးမယ့် အစီအစဉ်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
“ဒါဟာ စင်္ကာပူမှာ AI နဲ့ generative AI နည်းပညာတွေကို အရှိန်မြှင့်ဖို့ရာ စင်္ကာပူအစိုးရ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တို့ရဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်မှု ဖြစ်တယ်” လို့ AWS မှ ပြောကြားခဲ့ပါသေးတယ်။
AWS ဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် data analytics နဲ့ AI တို့ကို အသုံးချပြီး application တစ်ခုဖန်တီးဖို့ရာ ကျန်းမာရေးနည်းပညာအေဂျင်စီ Synapxe နဲ့လည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း သိရပါတယ်။
စင်ကာပူနိုင်ငံရဲ့ လုပ်သားအင်အား မြင့်မားလာစေဖို့ရာအတွက် AWS က 2024 မှ 2026 အထိ သုံးနှစ်တာကာလအတွင်း လူ 5,000 ကို AI ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ချက်ဖြင့် အဆင့်မြင့် သင်ကြားရေးတက္ကသိုလ်တွေနဲ့ပါပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Reference: Amazon to spend S$12 billion to expand cloud infrastructure in Singapore by CNA
AMC HACKS