Global pandemic နဲ့ Work From Home ကြောင့် လူသုံးများပြီး နာမည်ကြီးလာခဲ့တဲ့ Zoom ဟာ ခေတ်ရေစီးကြောင်းအတိုင်း AI ထည့်သွင်းလာဖို့ ကြိုးစားနေပါပြီ။ Zoom ဟာ OpenAI နဲ့ လက်တွဲပြီး Zoom IQ ဆိုတဲ့ ထုတ်ကုန်တစ်ခု ထုတ်ပြီးနောက်မှာ နောက်ထပ် AI ခြေလှမ်းသစ် လှမ်းဖို့ စီစဉ်နေတာပါ။
Zoom ဟာ သူ့ရဲ့ platform ပေါ်မှာ AI assistant တစ်ခု ပါဝင်လာဖို့အတွက် Anthropic ဆိုတဲ့ ကုမ္ပဏီနဲ့ ပူပေါင်းလိုက်ပါပြီ။ Zoom ဟာ သူ့ရဲ့ Contact Center ဆိုတဲ့ ထုတ်ကုန်မှာ chatbot စတင်ထည့်သွင်းမှာဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေက customer support အဖြစ် ထိုထုတ်ကုန်ကို channel တစ်ခုကဲ့သို့ အသုံးပြုနိုင်မှာပါ။
Anthropic ကုမ္ပဏီရဲ့ Claude chatbot ဟာ customer support agents တွေကို ကူညီရာရောက်မှာဖြစ်ပြီး customers တွေကို သူတို့နဲ့ သက်ဆိုင်တဲ့ အဖြေတွေရရှိနိုင်ဖို့ လမ်းပြပေးနိုင်မယ့် ပိုကောင်းတဲ့ self-service တွေ ဖန်တီးပေးနိုင်မယ်လို့ Zoom က ပြောထားပါတယ်။ ဒါ့အပြင် agents တွေက customers တွေကို ကူညီပေးနေစဉ်အတွင်းမှာလဲ လိုအပ်တဲ့ ကိုးကားမှီငြမ်းစရာတွေကို ဒီ chatbot က ကူညီဖော်ထုတ်ပေးနိုင်မယ်လို့ ပြောထားပါသေးတယ်။
Zoom ဟာ ဒီ Claude chatbot ကို သူ့ app ရဲ့ တခြားနေရာတွေဖြစ်တဲ့ Team Chat, Meetings, Phone, Whiteboard နဲ့ Zoom IQ စတဲ့ နေရာတွေမှာ အသုံးပြုဖို့ဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမယ့် Zoom ဟာ တခြားပြိုင်ဘက် AI အသုံးပြုထားတဲ့ Slack ကဲ့သို့ productivity apps တွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ဒီ AI assistant ရဲ့ အကူအညီရယူနိုင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းနေပါတယ်။ OpenAI နဲ့ ပူးပေါင်းပြီး ထုတ်ထားတဲ့ Zoom IQ ကနေတော့ AI လုပ်ဆောင်နိုင်စွမ်းတွေပါဝင်တဲ့ suite တစ်ခုကို ပိုင်ဆိုင်နှင့်ပြီး ဖြစ်ပါပြီ။ ယခုလက်ရှိမှာတော့ Zoom IQ မှာ ထည့်လိုက်တဲ့စာတွေရဲ့ အကျဉ်းချုပ်၊ သတင်းမူကြမ်းတွေနဲ့ whiteboards တွေကို ဖန်တီးထုတ်လုပ်ပေးနိုင်ပါတယ်။
ဒါ့အပြင် Zoom ရဲ့အခွဲဖြစ်တဲ့ startups တွေမှာ လိုက်ရင်းနှီးမြှုပ်နှံတဲ့ Zoom Ventures ဟာလည်း Google နောက်ခံရှိတဲ့ Anthropic ဟာ ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ ကြေညာသွားပါတယ်။ Zoom အနေနဲ့ ယခုလို OpenAI ရော Anthropic ရောနဲ့ လက်တွဲခြင်းအားဖြင့် AI ကို စုစည်းပူးပေါင်းချည်းကပ်ခြင်းအပေါ် အထောက်အပံ့ပေးနိုင်တယ်လို့ ဆိုထားပါတယ်။
Reference: “Zoom will soon integrate Anthropic’s chatbot across its platform” by The Verge