customer ဝန်ဆောင်မှုစွမ်းရည်ကို သူမတူအောင် ထောက်ပံ့ကူညီပေးမယ့် platform, Zendesk

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Zendesk က စီးပွားရေးလုပ်ငန်းတွေမှာ customer တွေကို support ပေးနိုင်ဖို့ရာ ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ customer service and engagement platform တစ်ခုပဲ ဖြစ်ပါတယ်။ Zendesk မှာဆိုရင်

1. Customer Support – Zendesk မှာ ticket system တွေ၊ တိုက်ရိုက် chatting ပြောဆိုတာတွေနဲ့ email ပို့ပေးတာတွေစတဲ့ customer support အတွက် လိုအပ်တဲ့ tools တွေကို ထောက်ပံ့ပေးထားပါတယ်။

2. Multi-Channel Support – email၊ ဖုန်း၊ chat၊ social media နဲ့ SMS လိုမျိုး အမျိုးမျိုးသော ဆက်သွယ်ရေး tool ပေါင်းစုံကိုလည်း ပံ့ပိုးပေးထားတာကြောင့် users တွေက ၎င်းတို့ နှစ်သက်ရာနည်းလမ်းနဲ့ ဆက်သွယ်နိုင်ပါတယ်။

3. Knowledge Base – Zendesk က မိမိ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်လို့ customers တွေ မေးမြန်းနိုင်ချေရှိတဲ့ ‌မေးခွန်းတွေနဲ့ သက်ဆိုင်ရာအဖြေတွေကို စုထားပေးတဲ့ help center ကိုလည်း ဖန်တီးခွင့်ပေးထားပါတယ်။

4. Automation – customer တွေက မေးမြန်းလိုတဲ့အရာတွေအတွက် ticket လာဖွင့်တဲ့အခါ သက်ဆိုင်ရာ support agent ဆီကို ပို့ပေးတာ၊ အလိုအလျောက် တုံ့ပြန်ဖြေကြားပေးတာနဲ့ စုံစမ်းမေးမြန်းတာတွေကို ဦးစားပေးတာမျိုး စတဲ့ အမြဲလိုလို လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကို ချောမွေ့စေဖို့ရာအတွက် အလိုအလျောက်လုပ်ဆောင်ပေးတဲ့ features တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

5. Analytics and Reporting – customer ရဲ့ မေးခွန်းတွေကို တုံ့ပြန်တဲ့ကြာချိန်၊ ticket တွေကို ဖြေရှင်းနိုင်တဲ့နှုန်း နဲ့ customer တွေရဲ့ ကျေနပ်မှု level စတာတွေကို တိုင်းတာတဲ့ key performance indicators (KPIs) ကို တွက်ချက်နိုင်ဖို့အတွက်လည်း analytics နဲ့ reporting tools တွေ ထောက်ပံ့ပေးထားပါတယ်။

6. Scalability – Zendesk ဟာ အသေးစားလုပ်ငန်းတွေကစလို့ လုပ်ငန်းကြီးတွေအထိ အရွယ်အစားအားလုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် သင့်လျော်ပါတယ်။

Zendesk ဟာ customer တွေ စိတ်ကျေနပ်မှုရစေဖို့နဲ့ customer တွေရဲ့ လိုအပ်ချက်ကို ထောက်ပံ့ကူညီတဲ့ လုပ်ငန်းစဉ်ကို ပိုပြီး ချောမွေ့စေတဲ့အတွက် customer ဝန်ဆောင်မှုကို မြှင့်တင်လိုတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် သူမတူတဲ့ အဖိုးတန် tool တစ်ခုပဲ ဖြစ်ပါတယ်။

Related