“YouTube မှာပိုက်ဆံရှာဖို့ SEO Tool”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Content Creation ပိုင်းကိုစိတ်ဝင်စားလို့ အခုမှစလုပ်မယ့်သူတွေအနေနဲ့ SEO Tool တွေကို မဖြစ်မနေသုံးပါ။ ချယ်နယ်မှာ ကိုယ့် Video တွေကိုလူကြည့်များဖို့၊ Subscriber များဖို့၊ ချယ်နယ်ကို သေချာသုံးသပ်ကိုင်တွယ်နိုင်ဖို့ဆိုရင် SEO နိုင်ဖို့လိုပါတယ်။ အဲ့ထဲကမှ သုံးရအဆင်ပြေဆုံးနဲ့ စွယ်စုံရတဲ့ကောင်လေးဆို Tubebuddy ကိုညွှန်ချင်ပါတယ်။

– Title, Description, Tags တွေထည့်တဲ့နေရာမှာ လူတွေအများဆုံးရှာတဲ့အကြောင်းအရာတွေ၊ Keywords တွေနဲ့အနီးစပ်ဆုံးဖြစ်အောင် ရှာပေးတယ်
– Trending ဖြစ်နေတဲ့ Topics တွေ၊ content တွေကိုရှာပေးနိုင်တယ်
– ကြည့်ရှုသူအရေအတွက်၊ ကြည့်ချိန်၊ တုံ့ပြန်နှုန်း စတာတွေကိုစောင့်ကြည့်လို့ရတယ်
– သုံးထားတဲ့ ခေါင်းစဥ်၊ ပုံတွေ ကောင်းမကောင်း A/B Testing နဲ့ရွေးခိုင်းလို့ရတယ်
– Competitors Analysis လုပ်လို့ရတယ်

လုပ်လို့ရတာတွေတော်တော်စုံပါတယ်။ အဓိက ကတော့ ချယ်နယ်တခု မြန်မြန် Grow ဖြစ်ဖို့ လိုအပ်တာတွေ၊ လုပ်လို့ရတာတွေအကုန်လုံးကို ဒီ Tool တခုတည်းနဲ့ထိန်းထားနိုင်တယ်။

အခုမှစပြီးချယ်နယ်ထောင်မယ့် သူတွေအတွက်အကူအညီဖြစ်စေမှာပါ။ ကျနော်တို့ သင်တန်းထဲမှာလည်း ဒီ Tool ကိုသုံးပါတယ်။

AMC HACKS

Related