Video Platform တစ်ခုဖြစ်တဲ့ Vimeo ဟာ အခကြေးငွေပေးအသုံးပြုသူတွေအတွက် AI tools အသစ်တွေ ထည့်သွင်းပေးလိုက်ပါတယ်။
ထို AI tool တွေထဲ OpenAI မှ နည်းပညာအသုံးပြုထားတဲ့ AI script generation ဆိုတဲ့ feature တစ်ခုလည်း ပါဝင်ပါတယ်။ AI tools တွေဟာ အသုံးပြုသူတွေအတွက် မိနစ်အနည်းငယ်အတွင်း အပြည့်အစုံပါတဲ့ ထုတ်ကုန် video တွေ ပြုလုပ်ပေးနိုင်တယ် ဆိုပြီး ကြော်ငြာထားပြီး အသင်းအဖွဲ့အတွက်အသုံးပြုသူတွေ အသုံးဝင်ဖို့အတွက် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
Hightlight reels တွေ လျင်မြန်စွာဖန်တီးနိုင်မယ်၊ virtual events တွေ ကုမ္ပဏီ မီတင်တွေအတွက် လက်ခံကျင်းပနိုင်မယ်၊ marketing videos အတိုလေးတွေအတွက် quote clips လေးတွေ ပြုလုပ်နိုင်မယ် စတဲ့ အခြေအနေတွေကို AI tools အသစ်တွေနဲ့ သက်သက်သာသာ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်မယ်လို့ ကြေညာထားပါတယ်။
Vimeo မှာ feature အသစ် ၃ ခု ပါဝင်လာမှာဖြစ်ပါတယ်။ ပထမ feature ကတော့ script generator ဖြစ်ပြီး ထည့်သွင်းလိုက်တဲ့ အကြောင်းအရာအတိုချုပ်နဲ့ အဓိကအချက်အလက်တွေ ဥပမာ အသံအနေအထားနဲ့ အရှည်ပေါ် မူတည်ပြီး ဇာတ်ညွှန်းတွေ ထုတ်လုပ်ပေးနိုင်ပါတယ်။ နောက် feature တစ်ခုက teleprompter ဖြစ်ပြီး AI component အစစ်မပါပေမယ့် အသုံးပြုသူတွေအတွက် အချိန်နဲ့ စာအရွယ်အစားတွေ ချိန်ညှိနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ နောက်ဆုံး feature တစ်ခုကတော့ text-based video editor ဖြစ်ပြီး ဖယ်ပစ်မယ့် စကားလုံးတွေ၊ video ထဲမှာ အချိန်ကြာကြာ ဘာမှမဖြစ်ဘဲ ရပ်နေတာမျိုးတွေ၊ ကိုးရိုးကားယားနိုင်တဲ့ အခိုက်အတန့်တွေ စတာတွေကို အလိုအလျောက် ခွဲခြားထုတ်ဖော်နိုင်ပြီး အသုံးပြုသူတွေအတွက် ထိုအရာတွေကို တစ်ချက်ထဲနဲ့ ဖယ်ရှားပေးနိုင်မှာပါ။ ထို tools တွေကို vimeo မှာ standard plan က စလို့ အခကြေးငွေပေး အသုံးပြုသူတွေအတွက် July လလယ်လောက်မှာ စတင်ရရှိနိုင်မှာပါ။
Tools တွေဟာ အသုံးဝင်မယ့်ပုံပေါ်ပေမယ့် အဓိက feature ဖြစ်တဲ့ script generator ကိုတော့ စမ်းသပ်အသုံးပြုခွင့် မရသေးပါဘူး။ ဒီ feature ဟာ တကယ်တမ်းအသုံးဝင်လာနိုင်သလို အပိုလည်း ဖြစ်နေနိုင်ပါတယ်။ ဥပမာ သင့်ကုမ္ပဏီအတွက် ထုတ်ကုန် ဒါမှမဟုတ် service အသစ် ရှိပြီဖြစ်ကြောင်း script generator အသုံးပြုပြီး ကြေညာတယ် ဆိုပါစို့၊ script generator စနစ်ဟာ ဒီအချက်အလက်ကို ဘယ်လိုသိနိုင်မှာလဲ၊ အသုံးပြုသူဟာ script generator မှ ထွက်လာတဲ့အချက်အလက်ကို ဘယ်လောက်ထိ ပြန်လည်ပြုပြင်မှ မှန်ကန်နိုင်မှာလဲ စတာတွေကို မသိရှိရသေးပါဘူး။ ဒါပေမယ့် CharGPT လိုမျိုး OpenAI tools တွေဟာ တစ်ဖက်သားကို ထိခိုက်မှုမရှိစေတဲ့ corporate marketing filler တွေ ထုတ်လုပ်ပေးနိုင်တာကြောင့် အသုံးပြုသူတွေအတွက် အချိန်ကုန်သက်သာစေမှာပါ။
Vimeo ဟာ ယခုလို AI tools တွေ ပါဝင်လာတာကြောင့် video production အတွက် တစ်နေရာထဲမှာပဲ အကုန်ပြီးစီးနိုင်တဲ့ ထုတ်ကုန်အဖြစ် ရောက်ရှိလာမယ်လို့ မျှော်လင့်နေပါတယ်။ Vimeo ဟာ ယခင်က video host တစ်ခုအဖြစ် youtube နဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ယခုအချိန်မှာတော့ corporate customers တွေအတွက် ဦးစားပေး လုပ်ဆောင်နေပါပြီ။
Reference: Vimeo’s new AI script generator will write corporate marketing filler in seconds by The Verge