ဒီနေ့တော့ Video တွေဖန်တီးရတာကြိုက်တဲ့သူတွေ Content Creation ကိုလေ့လာနေတဲ့သူတွေအတွက် အသုံးဝင်မယ့် Audacity ဆိုတဲ့ Audio Editing Tool လေးအကြောင်းပြောပြပါမယ်။ သူ့တခုတည်းနဲ့ အသံအတွက် အတော်လေးပြည့်စုံအောင် ဖန်တီးနိုင်တယ်။ ပြီးတော့ ပိုက်ဆံပေးစရာမလိုဘဲ Free သုံးလို့ရတယ်။
Audacity မှာဆိုရင် —
– အသံဖြတ်တာ၊ ဆက်တာ၊ ထည့်တာတွေလုပ်လို့ရတယ်။
– Video တွေမှာအသံကြည်လင်ပြတ်သားအောင်လုပ်ပေးနိုင်တယ်။
– အသံကြည်အောင် တိုက်ရိုက် Recording ယူဖို့အတွက်လည်း ရတယ်။
– မလိုအပ်တဲ့အသံတွေလျှော့ချင်တာ၊ အသံညှိတာ၊ အနှေးအမြန်၊ အတိုးအလျှော့အကုန်ရတယ်။
– စကားပြောနဲ့ နောက်ခံသီချင်းရောတာလေးတွေရတယ်။
AMC HACKS Library ထဲက YouTube Makers သင်တန်းထဲမှာလည်း အခုပြောထားတဲ့ Audacity ကိုသုံးပါတယ်။
Audio ပိုင်းအတွက်အတော်လေး အလုပ်ဖြစ်လို့
စမ်းသုံးကြည့်ပါ 😃
AMC HACKS