Trello က လူတစ်ဦးချင်းစီကိုဖြစ်စေ အဖွဲ့လိုက်ကိုဖြစ်စေ လုပ်ငန်းတာဝန်တွေ စုစည်းပေးနိုင်ဖို့နဲ့ ပရောဂျက်တွေ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ရာ ဒီဇိုင်းထုတ်ထားတဲ့ web ပေါ် အခြေခံတဲ့ ပရောဂျက် management application တစ်ခုပဲ ဖြစ်ပါတယ်။ Trello မှာ ပရောဂျက်တွေနဲ့ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေ မြင်သာထင်သာရှိနိုင်ဖို့ရာအတွက် board တွေ၊ list တွေနဲ့ card တွေကို အသုံးပြုပြီးတော့ လုပ်ငန်းပြီးမြောက်မှုကို ခြေရာခံနိုင်ဖို့နဲ့ workflow တွေကို စီမံခန့်ခွဲဖို့ရာ လွယ်ကူစေပါတယ်။ Trello မှာ ဆိုရင်
1. Boards: board တွေက ပရောဂျက်တွေနဲ့ အဆင့်မြင့်တဲ့ category တွေကို ကိုယ်စားပြုပါတယ်။ board တစ်ခုစီမှာ ပရောဂျက်နဲ့ ပတ်သက်တဲ့ list တွေ card တွေ ပါဝင်ပါတယ်။
2. Lists: ပရောဂျက်တစ်ခုရဲ့ အဆင့်တွေ ဒါမှမဟုတ် board တစ်ခုအတွင်းက tasks တွေရဲ့ မတူညီတဲ့ ပုံစံအမျိုးအစားတွေကို ကိုယ်စားပြုပါတယ်။ ဥပမာအနေနဲ့ common list မှာဆိုရင် “To Do” (လုပ်ဆောင်ရန်), “In Progress” (လုပ်ဆောင်နေဆဲ) နဲ့ “Done” (လုပ်ဆောင်ပြီး) တို့ ပါဝင်ပါတယ်။
3. Cards: card တွေဟာ list အတွင်းက task တစ်ခုချင်းစီကို ကိုယ်စားပြုပါတယ်။ card တွေမှာဆိုရင် ဖော်ပြချက်တွေ၊ attachment file တွေ၊ checklist တွေ၊ due date နဲ့ မှတ်ချက်တွေ ထည့်သွင်းအသုံးချလို့ရပြီးတော့ စိတ်ကြိုက်ပြင်ဆင်လို့လည်း ရပါတယ်။
4. Collaboration: users အများအပြားက board တစ်ခုတည်းပေါ်မှာ တစ်ပြိုင်နက်တည်း အချိန်နဲ့တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။
5. Integration and Automation: Trello က Slack, Google Drive နဲ့ Jira လိုမျိုး tool တွေ service တွေနဲ့လည်း ပူးပေါင်းထားပါသေးတယ်။ ထပ်ခါထပ်ခါပြုလုပ်ရတဲ့ tasks တွေကို command ပေးဖို့ရာအတွက် Butler feature ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
Trello ကို ရိုးရှင်းတဲ့ လုပ်စရာစာရင်းတွေကစလို့ ရှုပ်ထွေးတဲ့ ပရောဂျက်စီမံခန့်ခွဲမှုတွေအထိ အသုံးပြုဖို့ရာ သင့်လျော်ပါတယ်။