TikTok မှာ Creative ဖြစ်တဲ့ဗီဒီယိုတွေဖန်တီးဖို့အတွက် အခုပြောမယ့် Tool (၃)ခုရှိရင်ရပြီ။ အကုန်လုံး Free သုံးလို့ရတယ်ဆိုတော့ စမ်းကြည့်ကြည့်ပါ။
၁။ Pinterest (Free Videos/Photos) – ပုံတွေ၊ ဗီဒီယိုကလစ်အတိုလေးတွေလိုချင်ရင် Pinterest ကနေရှာပါ။ ဖေ့ဘုတ်မှာတွေ့နေရတဲ့ ကြောင်ဟာသတွေ၊ အလွဲဗီဒီယိုအတိုလေးတွေ၊ ဇာတ်ကားထဲကဖြတ်ပိုင်းအတိုလေးတွေ စသဖြင့် လိုချင်တာအားလုံးကို Pinterest ထဲမှာရှာလို့ရပါတယ်။ ဇာတ်လမ်းထဲက ဖြတ်ပိုင်းအတိုလေးတွေကအစ ရှာလို့ရတာတော့ အကြိုက်ဆုံးပဲ။
၂။ Hypic (Photo Template) – ကုန်ပစ္စည်းကြော်ငြာဖို့အတွက်ဖြစ်စေ၊ ပုံလှလှတွေဖန်တီးဖို့ဖြစ်စေ Hypic မှာ Template တွေစုံစုံလင်လင်ရနိုင်ပါတယ်။ လူကြိုက်များ၊ ခေတ်စားတဲ့ Template တွေမို့ အသုံးတည့်ပါလိမ့်မယ်။ ကော်ဖီဆိုင် mini vlog ဖန်တီးချင်တဲ့သူတွေအတွက် အတော်မိုက်မယ်။
၃။ Capcut (Video Editing) – ရိုက်ပြီးသားဗီဒီယိုတွေကို တည်းဖြတ်ဖို့အတွက်ဖြစ်စေ၊ Template နဲ့သုံးချင်တာဖြစ်စေ သုံးရအလွယ်ကူဆုံး Tool တခုပါပဲ။ အခုမှ စလုပ်မယ့်သူတွေအဖို့ သူ့ရဲ့ Template တွေနဲ့တင် TikTok ဗီဒီယိုတွေကို အလွယ်တကူဖန်တီးနိုင်တယ်။ ပရိုဝယ်သုံးရင်တော့ အစုံလုပ်လို့ရလိမ့်မယ်။
အဆင်ပြေပါစေခင်ဗျာ။
AMC HACKS