“Tesla ရဲ့ မောင်းသူမဲ့စနစ်က တကယ် ယုံကြည်စိတ်ချရနိုင်ပြီလား”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Tesla Full Self-Driving (FSD) Beta နဲ့ Autopilot အသုံးပြုသူတွေက လာမယ့်လတွေအတွင်း အဆင့်မြင့် ယာဉ်မောင်းအကူအညီစနစ်တွေအတွက် ပိုမိုလျင်မြန်သိသာတဲ့တိုးတက်မှုတွေကို တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။

Tesla က AI လေ့ကျင့်ရေးတွက်ချက်မှုကို ကန့်သတ်ချုပ်ချယ်ခြင်းမရှိတော့ကြောင်း X social app က ပို့စ်တစ်ခုမှာ CEO Elon Musk မှမကြာသေးမီက အရိပ်အမြွက်မှတ်ချက်‌ပေးပြောကြားခဲ့ပါတယ်။

နည်းပညာစာရေးဆရာနဲ့ futurist တစ်ယောက်ဖြစ်တဲ့ Robert Scoble က Telsa AI ဟာ underrated ဖြစ်လွန်းတယ်လို့ X မှာ post တင်ခဲ့တာ ဖြစ်ပါတယ်။ Musk ကလည်း အဲ့ post မှာမှတ်ချက်တွေ များစွာရေးသားခဲ့ပါသေးတယ်။

Tesla က မောင်းသူမဲ့ကားကဏ္ဍမှာ အပြိုင်အဆိုင်တွေရှိတယ်လို့ ယူဆထားသူတွေမှားကြောင်းလည်း Scoble က စောဒကတက်ခဲ့ပါ‌သေးတယ်။

Scoble က နည်းပညာကဏ္ဍမှာ 1993 ကတည်းက ပါဝင်ခဲ့တာ ဖြစ်ပြီး မောင်းသူမဲ့ယာဉ်နည်းပညာမှာ သူရဲ့ အတွေ့အကြုံများတာတွေကြောင့် သူရဲ့ အခုလို မှတ်ချက်တွေက အတော်လေးအရေးပါတယ်လို့ဆိုရပါမယ်။

Telsa AI ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ကောင်းတယ်ဆိုတာ နဲ့ ကုမ္ပဏီရဲ့ မောင်းသူမဲ့ယာဉ်နည်းပညာပိုင်းဆိုင်ရာမှာ AI လေ့ကျင့်ရေးကန့်သတ်တာတွေ မရှိတော့တာကြောင့်မို့ ဘယ်လောက်မြန်မြန်ဆန်ဆန် တိုးတက်နေတယ်ဆိုတာကို လူတော်တော်များများက မသိကြသေးဘူးလို့ဆိုပါတယ်။

Musk ရဲ့ update ကို လျှပ်စစ်ကားနဲ့ Tesla ကား ဝါသနာရှင်တွေဆီက စိတ်ဝင်စားမှု အများအပြားရခဲ့ပြီးတော့ အများစုက လျှပ်စစ်ကားထုတ်လုပ်မှုမှာ အခုလိုမျိုး update ပေးဖို့ရာ စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။

FSD နဲ့ Autopilot တွေရဲ့ neural networks တွေကို လေ့ကျင့်ခြင်းတွေလုပ်ဖို့အတွက် တွက်ချက်မှုပိုင်းဆိုင်ရာ ကြီးကြီးမားမားကို လိုအပ်ပါတယ်။ Tesla ကိုယ်တိုင်က Dojo စူပါကွန်ပျူတာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ အကြောင်းရင်းတစ်ခုဖြစ်ပြီးတော့ ကုမ္ပဏီက Nvidia-powered AI အစုအဝေးမှာ အရင်းအနှီးများစွာ မြှုပ်နှံထားတဲ့ အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။

X မှာ Elon Musk ရဲ့ မကြာသေးမီက updates တွေက Tesla ရဲ့ Nvidia training compute cluster က ခြေ‌နေအတော်ကောင်းနေတာမျိုး ဒါမှမဟုတ် Project Dojo က သိသိသာသာအသုံးဝင်မှု အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီဆိုတာခန့်မှန်းကြည့်လို့ရပါတယ်။

အဆင့်မြင့် မောင်းသူမဲ့ယာဉ်စနစ်‌တွေအတွက် အရှိန်မြှင့်မွမ်းမံမှုတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်မှုတွေကို အကြံပြုထားကြတာကြောင့် ဒီဖြစ်နိုင်ချေနှစ်ခုစလုံးက Tesla ရဲ့ FSD နဲ့ Autopilot ကြိုးပမ်းအားထုတ်မှုတွေအတွက် သတင်းကောင်းတွေပဲဖြစ်ပါတယ်။

Reference: Tesla no longer AI training compute constrained: Elon Musk by Teslarati

AMC HACKS

Related