“Stock တွေကို AI နဲ့ခန့်မှန်းတော့မယ့် Prop Firm”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ကုမ္ပဏီအသစ်တစ်ခုကနေ AI ကို trading မှာ အသုံးချနိုင်ဖို့ရာကြိုးပမ်း‌နေတာဖြစ်ပြီး အဓိကအားဖြင့် traders တွေ ဝယ်၊ရောင်း ကိစ္စတွေမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ဖို့ရာ အထောက်အကူဖြစ်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။

iFi AI အမည်ရ ကုမ္ပဏီက မတူညီတဲ့ time frames တွေမှာ stock တွေရဲ့ အတက်အကျကို ခန့်မှန်းနိုင်ဖို့ AI မော်ဒယ်တွေကို အသုံးပြုမှာဖြစ်ကြောင်း iFi AI ရဲ့ CEO ဖြစ်သူ၊ CNBC က အကြီးတန်းလေ့လာသုံးသပ်သူနဲ့မှတ်ချက်ပေးသူ ဖြစ်တဲ့ Ron Insana က ပြောကြားခဲ့ပါတယ်။

“စတော့ရှယ်ယာဝယ်သင့်လား မဝယ်သင့်ဘူးလားဆိုတာကို ဆုံးဖြတ်ချက်ချရာမှာ ကြီးမားတဲ့ အထောက်အကူတစ်ခုဖြစ်စေမှာပါ၊ ဥပမာအနေနဲ့ ကိုယ်ဝယ်ထားတဲ့ stock က နောက်လမှာ 3% ထိ တက်လာနိုင်မယ် စတဲ့ ခန့်မှန်းချက်တွေကို ထုတ်ပေးမှာပါ။ လူတစ်ယောက်က ဆုံးဖြတ်ချက်ချရမှာ ထည့်သွင်းစဉ်းစားနိုင်တဲ့ အချက်တွေထက် ပိုပြီး AI model တွေက ဘက်ပေါင်းစုံကနေ တွက်ချက်ပေးနိုင်တာကြောင့် traders တွေအတွက် ဆုံးဖြတ်ချက်ချရာမှာ အရင်ကထက် လွယ်ကူချောမွေ့စေမှာပါ” လို့ Isana က ဆိုပါတယ်။

AI programs တွေက စတော့ရှယ်ယာတွေရဲ့ ‌အခြေအနေက ဘယ်ကိုဦးတည်နေတယ်ဆိုတာကို ခန့်မှန်းဖို့ရာ အခြေခံကျတဲ့သတင်း‌တွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ခွဲခြားစိတ်ဖြာမှုတွေကို အသုံးပြုပါတယ်။ ဒေါ်လာ 6 ဘီလျံ ရင်းနှီးမြှပ်နှံထားရပြီးတော့ ဒီ AI programs တွေကို trading အတွက် ဆုံးဖြတ်ချက်ချရာနေရာတွေမှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။

Insana ရဲ့ အဆိုအရ မိမိကိုယ်တိုင်လုပ်ကြတဲ့ traders များအတွက် ရည်ရွယ်ပြီး ထိပ်တန်းအဆင့်တစ်ခုဖြစ်တဲ့ iFi AI အတွက် အဆင့်များစွာနဲ့ စျေးနှုန်းအချက်များ ပါရှိလိမ့်မှာဖြစ်ကြောင်း Insana က ဆိုပါတယ်။

ဘဏ္ဍာရေးမှာ မြင့်မားသောနည်းပညာကိုအသုံးပြုခြင်းဟာ ယခုနောက်‌ဆုံးပေါ် AI လှိုင်းများ မတိုင်မီက ကောင်းမွန်လေ့ရှိသော်လည်း Insana က ပရိုဂရမ်အသစ်များဟာ hedge funds များမှာ ကာလကြာရှည်အသုံးပြုခဲ့တဲ့ quantitative strategies များထက် ပိုမိုသွက်လက်တယ်လို့ ဆိုပါတယ်။

“quantitative analysis နဲ့ AI-driven analysis အကြားခြားနားချက်မှာ AI ဟာ သင်ယူနိုင်ပြီး သူ့ကိုယ်သူဆက်လက်သင်ယူပြီး သင်ကြားပေးနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်” လို့ Insana မှပြောကြားခဲ့ပါတယ်။

ကုမ္ပဏီအသစ်ဟာ ယခုလို trading နဲ့ နည်းပညာသစ် ပေါင်းစည်းမှုမှာ တခြား AI နဲ့ဆိုင်တဲ့ startups တွေ၊ Wall Street Giants တွေနဲ့ ယှဉ်ပြိုင်ရနိုင်ချေရှိ‌နေပါတယ်။

Reference: Ron Insana’s new firm aims to bring AI-powered trade ideas to individual investors by CNBC

AMC HACKS

Related