Sprout Social က စီးပွားရေးလုပ်ငန်းတွေမှာ social media ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့ social media management platform တစ်ခု ဖြစ်ပါတယ်။ Sprout Social မှာ ဆိုရင်
1. Social Media Publishing – user တွေက Facebook၊ Twitter၊ Instagram၊ LinkedIn နဲ့ Pinterest အစရှိတဲ့ အမျိုးမျိုးသော social media platform အစုံမှာ content တွေကို အချိန်သတ်မှတ်ပြီး post တင်လို့ ရပါတယ်။
2. Engagement – social media အစုံမှာ message တွေ comment တွေနဲ့ mention တွေကို တုံပြန်ဖြေဆိုနိုင်ဖို့ရာအတွက် unified inbox ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
3. Analytics and Reporting – Sprout Social မှာ engagement၊ follower အရေအတွက်နဲ့ post reach စတဲ့ ဆိုရှယ်မီဒီယာ performance တွေနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ်ခွဲခြမ်းစိတ်ဖြာချက်တွေကို ထောက်ပံ့ပေးပါတယ်။
4. Chatbots – အလိုအလျောက် တုံ့ပြန်နိုင်ဖို့နဲ့ customer တွေဆီကနေ engagement ရရှိဖို့ရာအတွက် chatbot တွေလည်း ထောက်ပံ့ပေးထားပါတယ်။
5. Competitive Analysis – social media စွမ်းဆောင်ရည်တွေကို ပြိုင်ဘက်တွေနဲ့ပါ နှိုင်းယှဉ်နိုင်တဲ့အတွက် မိမိရဲ့ အားသာချက်နဲ့ ပြုပြင်ရမယ့်အချက်တွေကို သိရှိနိုင်ပါတယ်။
6. Team Collaboration – အဖွဲ့ဝင်တွေရဲ့ လုပ်ငန်းဆောင်တာကို စီမံခန့်ခွဲနိုင်ဖို့ရာအတွက် user roles တွေ permission တွေကိုလည်း သတ်မှတ်လို့ ရပါတယ်။
Sprout Social က social media ဗျူဟာတွေနဲ့ engagement တွေ ပိုမိုကောင်းမွန်လာစေဖို့အတွက် စီးပွားရေးလုပ်ငန်း အရွယ်အစားမျိုးစုံမှာ သင့်တော်ပါတယ်။