SecondBrain က မိမိ စီးပွားရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အထူးပြုပေးတဲ့၊ ChatGPT နဲ့ ဆင်တဲ့ bots တွေကို ဖန်တီးပေးတဲ့ AI platform တစ်ခုပဲ ဖြစ်ပါတယ်။
မိမိအထူးပြုစေလိုတဲ့ website ရဲ့ url, pdf ဖိုင်တွေနဲ့ စာဖိုင်တွေက အချက်အလက်တွေကို အသုံးချပြီးတော့ bot ကို လေ့ကျင့်(train)ပေးလို့ ရပါတယ်။ လေ့ကျင့်ပြီးတဲ့အခါမှာ မိမိစီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို ဖောက်သည်တွေကို ဖြေကြားပေးနိုင်ဖို့အတွက် ဒီ bot ကို ကိုယ့်ရဲ့ site မှာ အသုံးချလို့ ရပါတယ်။
SecondBrain မှာဆိုရင်
1. Easy to Setup – bot အသစ်ကို train ပီးတော့ ကိုယ့်ရဲ့ site မှာ ပြန်လည်အသုံးချရတာ လွယ်ကူပါတယ်။
2. Languages Support – ဘာသာစကားပေါင်း 90 ကျော်ရဲ့ data တွေနဲ့ bot ကို လေ့ကျင့်ပေးနိုင်ပါတယ်။
3. Reliability – ဖောက်သည်တွေ သိလိုသမျှကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ဖြေဆိုပေးပါတယ်။
4. Paid Plan – ကိုယ့်ရဲ့ ငွေပေးချေမှု (paid plan) ပေါ် မူတည်ပြီးတော့ bots တွေ အများအပြားကို ဖန်တီးလို့ ရပါတယ်။ free plan မှာတော့ bot တစ်ခုကိုပဲ ဖန်တီးလို့ ရပါတယ်။
5. Limited Quality – bot ရဲ့ တုံပြန်ချက်တွေကတော့ သူ့ကို train ထားတဲ့ data တွေပေါ်မှာပဲ မူတည်တဲ့အတွက်ကြောင့် bot ရဲ့ အရည်အသွေးမှာတော့ ကန့်သတ်ချက်တွေ ရှိနိုင်ပါတယ်။
SecondBrain က လက်ရှိမှာတော့ တခြား AI tools တွေနဲ့ ယှဉ်ရင် guidelines ပေးနိုင်တဲ့ အထောက်အကူပြု documentation တွေတော့ နည်းနေပါသေးတယ်။