YouTube မှာ Screen Recording ဖမ်းပြီးတော့ သင်ခန်းစာပို့ချတဲ့ Video တွေ၊ Game Streaming Video တွေကိုဖန်တီးချင်တဲ့သူတွေအတွက် အင်မတန်အသုံးဝင်မယ့် Tool လေးတခုအကြောင်းပြောပြပါမယ်။ နာမည်ကတော့ OBS Studio ဆိုတာလေးပါ။ သူ့မှာပါဝင်တဲ့ Features တွေအားလုံးကိုလည်း ပိုက်ဆံပေးစရာမလို အကန့်အသတ်မရှိ အခမဲ့အသုံးပြုနိုင်တာကြောင့် စမ်းသုံးကြည့်ဖို့ ညွှန်ပေးလိုက်ပါတယ်။
OBS Studio မှာဆိုရင် —-
– Recording လုပ်ရာမှာအဓိကအရေးကြီးဆုံးအချက်တွေဖြစ်တဲ့ ရုပ်ထွက်ကြည်လင်ပြတ်သားဖို့၊ အသံထွက်ရှင်းလင်းပြတ်သားဖို့အတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။
– Advanced Video Recording Feature တွေပါဝင်ပြီးတော့ Video Resolution, Frame Rate တွေကို စိတ်ကြိုက်သတ်မှတ်လို့ရတယ်။
– YouTube, Facebook ပလက်ဖောင်းတွေမှာ Live Streaming လုပ်ဆောင်တဲ့နေရာမှာလည်း ရုပ်ထွက်ကောင်းအောင် ကူညီလုပ်ဆောင်ပေးနိုင်တယ်။
– Windows နဲ့ Linux, MacOS User တွေအတွက် အဆင်ပြေဆုံးနဲ့ အကောင်းဆုံးလို့ နာမည်ကြီးတဲ့ Tool တခုလည်းဖြစ်ပါတယ်။
အဆင်ပြေပါစေခင်ဗျာ။
AMC HACKS