project ရဲ့ ရလဒ်တွေ မြှင့်တင်ပေးမယ့် tools တွေ ပါဝင်တဲ့ software, ProofHub

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ProofHub က projects တွေ plan ဆွဲဖို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ cloud ပေါ် အခြေခံတဲ့ project management ‌နဲ့ collaboration software တစ်ခု ဖြစ်ပါတယ်။ ProofHub မှာ ဆိုရင်

1. Project Management – users တွေက task တွေကို ဖန်တီး၊ assign ချနိုင်ပြီးတော့ လက်ရှိ task ရဲ့ အခြေအနေကိုပါ ခြေရာခံနိုင်ပါတယ်။ Kanban board တွေနဲ့ Gantt chart တွေ အသုံးပြုပြီးတော့လည်း task တွေကို စီမံခန့်ခွဲနိုင်ပါတယ်။

2. Time Management – task တွေ project တွေ ပြီးမြောက်ဖို့ လုပ်ဆောင်ခဲ့ရတဲ့ ကြာချိန်ကို မှတ်တမ်းယူပေးနိုင်တဲ့အတွက် လုပ်ခလစာစီမံခန့်ခွဲတဲ့နေရာမှာလည်း အသုံးချနိုင်ပါတယ်။

3. Calendar and Scheduling – users တွေက လုပ်ငန်းဆောင်တာတွေ၊ milestones တွေနဲ့ event တွေအတွက် အချိန်ဇယားဆွဲနိုင်ပြီးတော့ မှန်ကန်တဲ့ process ပေါ်မှာ ရှိနေဖို့ရာအတွက် သတိပေးချက်တွေလည်း သတ်မှတ်ထားလို့ ရပါတယ်။

4. User roles and permissions – Administrator တွေက အဖွဲ့သားတွေကို သက်ဆိုင်ရာ level အလိုက် role တွေ permission တွေ သတ်မှတ်ပေးလို့ ရပါတယ်။ ပြင်ပ stakeholders တွေဖြစ်တဲ့ client တွေကိုလည်း သက်ဆိုင်ရာ project ရဲ့ အခြေအနေကို limited access နဲ့ ကြည့်ရှူခွင့်ပေးလို့ ရပါတယ်။

5. Custom workflow – မိမိစီးပွားရေးရဲ့ လုပ်ငန်းအသွားအလာနဲ့ ကိုက်ညီတဲ့ project stage တွေကိုလည်း ဖန်တီးခွင့်ပေးထားပါတယ်။

ProofHub ဟာ productivity၊ communication နဲ့ project ရဲ့ ရလဒ်တွေကို မြှင့်တင်နိုင်ဖို့ရာအတွက် လိုအပ်တဲ့ tools တွေကို တစ်နေရာတည်းမှာ ပေါင်းစပ်ပေးထားတဲ့ platform တစ်ခုပဲ ဖြစ်ပါတယ်။

Related