Notion ဟာ note မှတ်တာ၊ project ကို စီမံခန့်ခွဲတာ၊ task တွေကို စီမံခန့်ခွဲတာနဲ့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တာမျိုး စတဲ့ tools ပေါင်းစုံ ပါဝင်တဲ့ စွယ်စုံသုံး application တစ်ခုပဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေကို အလုပ်အပြင် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေမှာလည်း ထိရောက်စွာ ကူညီပေးနိုင်တဲ့ application တစ်ခုပဲ ဖြစ်ပါတယ်။ Notion မှာ ဆိုရင်
1. Notes and Documentation: users တွေက မီဒီယာ file တွေ code အစိတ်အပိုင်းတချို့နဲ့ များပြားလှတဲ့ formatting ပေါင်းစုံကို အသုံးပြုပြီးတော့ ကြွယ်ဝလှပတဲ့ note တွေကို ဖန်တီးနိုင်ပါတယ်။ ရိုးရှင်းတဲ့ မှတ်စုတွေကစလို့ အသေးစိတ်ကျတဲ့ စာရွက်စာတမ်းတွေ ဖန်တီးဖို့ရာအထိ သင့်လျော်ပါတယ်။
2. Databases: information အစုံကို အလွယ်တကူ ရှာဖွေခြေရာခံလိုက်နိုင်ဖို့အတွက် database တွေကိုလည်း ဖန်တီးခွင့်ပေးပါတယ်။ ဒီ database တွေကို table၊ board၊ calendar၊ list နဲ့ gallery တွေကို အသုံးပြုပြီးတော့ ကြည့်ရှုလို့ရပါတယ်။
3. Task Management: users တွေက လုပ်စရာ tasks တွေကို ဖန်တီးနိုင်ပြီးတော့ Notion အတွင်းထဲမှာပဲ ဒီ task တွေရဲ့ အခြေအနေကို ကြည့်ရှုလို့ ရပါတယ်။ tasks တွေမှာ မတူညီတဲ့ users တွေကို assign ချတာ၊ deadline သတ်မှတ်တာ နဲ့ task တစ်ခုရဲ့ stage ပေါင်းစုံကို ခြေရာခံလိုက်တာတွေကိုလည်း ဆောင်ရွက်လို့ရပါတယ်။
4. Templates: Notion က project management၊ personal productivity နဲ့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် မတူညီတဲ့ အခြေအနေတွေအတွက် templates မျိုးစုံကိုလည်း ထောက်ပံ့ပေးပါတယ်။ ကိုယ်ပိုင် templates တွေကိုလည်း ဖန်တီးနိုင်တဲ့အပြင် တခြား users တွေဆီကိုလည်း မျှဝေပေးလို့ ရပါတယ်။
5. Collaboration: Notion က users အများအပြားကို တစ်ပြိုင်နက်တည်း ပူးပေါင်းဆောင်ရွက်နိုင်စေဖို့ရာအတွက်လည်း ထောက်ပံ့ပေးထားပါသေးတယ်။ users အချင်းချင်း comment ပေးနိုင်ခြင်း၊ mention နိုင်ခြင်း နဲ့ content တစ်ခုကို ဘယ်သူက ပြင်ဆင်ကြည့်ရှူခွင့်ရှိတယ်ဆိုတာကိုပါ သတ်မှတ်နိုင်ခြင်း စတာတွေလည်း လုပ်ဆောင်လို့ ရပါတယ်။
6. Customization: users တွေက သူတို့ရဲ့ လိုအပ်ချက်တွေနဲ့အညီ workspace ကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။
7. Integration: Notion က Google, Drive, Slack နဲ့ Trello လိုမျိုး application တွေနဲ့ပါ ပေါင်းစပ်ထားတာကြောင့် user တွေရဲ့ workflow ကို အဆင်ပြေချော့မွေ့စေပါတယ်။
ခြုံငုံပြီး ပြောရရင် Notion ဟာ organization အသေးလေးတွေကနေ ရှုပ်ထွေးတဲ့ အဖွဲ့လိုက် project တွေအထိ workflow များစွာကို ထောက်ပံ့ပေးတဲ့ application တစ်ခုပဲ ဖြစ်ပါတယ်။
AMC HACKS