Productivity tools များစွာထုတ်လုပ်ပြီး professional လိုင်းမှာ နေရာများစွာ ရယူထားတဲ့ Adobe ဟာ သူ့ရဲ့ လူသုံးအများဆုံး product တစ်ခုဖြစ်တဲ့ Photoshop ထဲကို သူ့ကိုယ်ပိုင် AI powered image generator tool တစ်ခုဖြစ်တဲ့ Firefly ထည့်ပေးလိုက်ပါပြီ။
Adobe Photoshop ဟာ generative AI tool ပါဝင်လာမှာဖြစ်ပြီး အသုံးပြုသူတွေက စာရိုက်ထည့်ရုံနဲ့ ပစ္စည်းတွေ လူတွေ အရာဝတ္ထုတွေကို ဖျောက်နိုင်၊ ထည့်နိုင်၊ ချဲ့ထုတ်နိုင်တဲ့ အနေအထား ရောက်ရှိလာပါပြီ။ ထို feature ကို Generative Fill လို့ခေါ်ပြီး March လတုန်းက beta version အနေနဲ့ web-only ပဲ ထုတ်ထားတဲ့ Adobe ရဲ့ AI Image Generator ဖြစ်တဲ့ Firefly ကို အသုံးပြုထားတာပါ။
AI feature ဖြစ်တဲ့ Generative Fill ဟာ Photoshop ပုံ file ထဲက layers တိုင်းမှာ အလုပ်လုပ်မှာပါ။ Outpainting လို့ခေါ်တဲ့ ဘောင်ကျော်နေတဲ့ ပုံထဲမှာမပါတဲ့အရာတွေကို ဖြည့်ပေးဖို့သုံးရင်၊ ဒါမှမဟုတ် အရာဝတ္ထုအသစ်တစ်ခု ထည့်ရင် ဖြုတ်ရင် AI ကနေ ပြုပြင်ပြောင်းလဲပေးသွားမှာဖြစ်ပြီး ရွေးချယ်စရာသုံးခုလည်း ပေးထားမှာပါ။ Outpainting လိုမျိုးအသုံးပြုချိန်မှာ စာရိုက်မထည့်လည်း AI က ထုတ်ပေးမှာဖြစ်ပြီး စာရိုက်ရင်တော့ ပိုကောင်းတဲ့ပုံတွေကို ရရှိနိုင်မှာပါ။ ဒါဟာ လက်ရှိ Photoshop မှာပါဝင်နေတဲ့ Content-Aware Fill ဆိုတဲ့ feature နဲ့ ခပ်ဆင်ဆင်တူပြီး ယခု AI ကတော့ အသုံးပြုသူတွေရဲ့ ထိန်းညှိမှုတွေအတိုင်း အလုပ်လုပ်ပေးမှာပါ။
Photoshop ရဲ့ ယခု feature ကို live ပြသွားတဲ့အထဲမှာတော့ perfect မဖြစ်သေးပေမယ့် အရမ်းအထင်ကြီးစရာကောင်းနေပါတယ်။ ပုံရဲ့နောက်ခံအရာဝတ္ထုတွေကို ကိုင်တွယ်သွားတာတွေ၊ မရှိသေးတဲ့အရာတွေ ဖြည့်သွားတာတွေ၊ အထူးသဖြင့် ရောင်ပြန်ဟပ်တဲ့နေရာတွေနဲ့ ပုံထဲမှာကြိုတင်ပြုပြင်ပြီးသားအလင်းလာတဲ့နေရာတွေကိုပါ အတုယူပြီး အသစ်နေရာတွေမှာ ထပ်ဖြည့်ပေးနိုင်တာတွေဟာ အရမ်းကို အထင်ကြီးဖို့ကောင်းနေပါပြီ။
ဒီ features တွေဟာ AI generative tools အသုံးပြုနေကြသူတွေအတွက်တော့ အထူးအဆန်းမဟုတ်ပေမယ့် ယခုလို mainstream app တစ်ခုဖြစ်တဲ့ Photoshop ထဲမှာ အသုံးပြုဖို့ထည့်ပေးလိုက်ခြင်းဟာ Adobe အတွက် ပိုကျယ်ပြန့်တဲ့ ပရိတ်သတ်တွေကို ဖိတ်ခေါ်လိုက်သလိုပါပဲ။
Adobe Firefly ဟာ ယခုလို လုပ်ဆောင်ချက်တွေပါဝင်တဲ့အပြင် အထဲမှာသုံးထားတဲ့ training data တွေဟာ Adobe ကုမ္ပဏီ အသုံးပြုခွင့်ရှိတဲ့ Adobe Stock၊ Open License ပဲရှိတဲ့ content တွေ၊ Copyright မရှိတဲ့ Content တွေ စတဲ့ နေရာတွေကနေပဲ ယူပြီး AI ကို လေ့ကျင့်ပေးထားတာဖြစ်တယ်လို့ ဆိုထားတာပါ။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုရင် ယခုလို Generative Fill နဲ့ အသုံးပြုထားတဲ့ AI ပုံတွေဟာ copyright တွေ စိုးရိမ်စရာမလိုပဲ commercial အသုံးပြုခွင့်ရှိသွားတယ်ဆိုတာပါပဲ။ တခြားသော training data ဘယ်ကနေယူထားတယ်ဆိုတာကို မပြောထားတဲ့ ကုမ္ပဏီတွေထက် သာလွန်သွားတဲ့အချက်ပါပဲ။
Generative Fill မှာ Content Credentials လို့ခေါ်တဲ့ label စနစ်တစ်ခုလည်း ပါဝင်ပြီး online ပေါ်မှာ sharing မလုပ်ခင် ယခုပုံဟာ AI နဲ့ ပြုလုပ်ဖန်တီးထားတယ် ပြုပြင်ထားတယ်ဆိုတဲ့အကြောင်းကို အသိပေးတဲ့ အညွှန်းလေး ထည့်သွင်းပေးတာပါ။ ပုံတွေရဲ့ Content Credentials ကို https://verify.contentauthenticity.org./ ဆိုတဲ့နေရာမှာ စစ်ကြည့်နိုင်ပြီး ထိုပုံအချက်အလက်တွေရဲ့ အကျင်းချုပ်ကို ထုတ်ပေးပါလိမ့်မယ်။
ယခုအချိန် Photoshop ထဲမှာ Generative Fill feature ကို အပြည့်မရရှိနိုင်သေးပေမယ့် desktop beta app သို့မဟုတ် Firefly beta app ထဲက module တစ်ခု အနေနဲ့ download လုပ်ပြီး စမ်းသုံးကြည့်လို့ ရနေပါပြီ။ Adobe ဘက်က 2023 နှစ်လယ်နောက်ပိုင်းမှာတော့ Photoshop app ထဲမှာ ဒီ feature ကို အပြည့်အသုံးပြုနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။
Adobe ဟာ သူ့ရဲ့ products တွေထဲမှာ AI tools တွေကို တဖြည်းဖြည်း ထည့်သွင်းလာနေပါတယ်။ မနှစ်က Adobe Max conference ပွဲမှာဆိုရင် Adobe ရဲ့ AI model တစ်ခုဖြစ်တဲ့ Sensei လို့ခေါ်တဲ့ AI ကနေ ကွာလတီမြင့် object selection feature ကို Adobe Photoshop မှာ ထည့်သွင်းခဲ့ပါသေးတယ်။ Adobe Firefly ဟာ Adobe Illustrator မှာလည်း ပါဝင်ပြီး vector-based ပုံတွေကို အရောင်ပြန်တင်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Adobe Express မှာလည်း Firefly ကို ထည့်သွင်းသွားမယ်လို့ ကြေညာသွားပါသေးတယ်။
Reference : “Adobe is adding AI image generator Firefly to Photoshop” by The Verge