“Presentation ပြင်ဖို့ Powerpoint အပြင်ဘာတွေသုံးလို့ရသေးလဲ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ရုံးမီတင်အတွက်ဖြစ်စေ၊ ကျောင်းသုံး/သင်တန်းသုံးအတွက်ဖြစ်စေ Presentation ပြင်တဲ့အခါမှာ Powerpoint အပြင်နောက်ထပ်ဘယ်လို Tool တွေကိုသုံးလို့ရသေးလဲဆိုရင်..??

၁။ Google Slides – ရုံးမီတင်မှာဖြစ်စေ၊ သင်တန်းအတွက်ဖြစ်စေ ဖိုင်ပြန်ဆေ့နေစရာမလိုဘဲ အင်တာနက်နဲ့တိုက်ရိုက်ပြင်ဆင်ရလွယ်ကူဖို့အတွက် Google Slides ကိုသုံးကြပါတယ်။ အခြား Google Docs, Google Sheets တို့နဲ့ ချိတ်သုံးဖို့အတွက်လည်း အဆင်ပြေပါတယ်။ Powerpoint နဲ့အသုံးပြုပုံချင်းဆင်တူပေမယ့် Google Slides ကတော့ အင်တာနက်လိုအပ်မှာဖြစ်ပါတယ်။

၂။ Microsoft Sway – Story ပုံစံနဲ့ပြင်ချင်တဲ့သူတွေအတွက် အသုံးပြုလို့အဆင်ပြေစေမယ့် Tool တခုဖြစ်ပါတယ်။ ဓာတ်ပုံ/ဗီဒီယို/ပြင်ပဝဘ်ဆိုက်လင့်တွေနဲ့လည်းချိတ်ဆက်အသုံးပြုနိုင်ပြီး Presentation ကိုပုံစံဆန်းတမျိုးနဲ့တင်ပြလိုသူတွေအတွက် အတော်လေးအဆင်ပြေစေမှာပါ။

၃။ Canva – Canva ထဲမှာလည်း Presentation Slides တွေကိုပြင်လို့ရပါတယ်။ Free Template တွေလည်းအဆင်သင့်ရှိတာကြောင့် Slides တွေကို လုံးဝမလုပ်တတ်သေးဘူးဆိုရင်တော့ Canva မှာစမ်းကြည့်ဖို့ အကြံပေးပါတယ်။

နောက်တရက်မှ Presentation အတွက် ဒီဇိုင်းမိုက်မိုက် Slide လှလှလေးတွေသုံးလို့ရမယ့် ဝဘ်ဆိုက်တွေ ထပ်တင်ပေးပါမယ်။

AMC HACKS

Related