Portfolio ဆိုတာ ကျနော်တို့ရဲ့ အလုပ်နဲ့ပတ်သက်တဲ့အရည်အချင်း၊ လုပ်ဆောင်ချက်တွေကို ဘယ်လောက်အတိုင်းအတာထိ လုပ်နိုင်စွမ်းရှိတယ်ဆိုကြောင်းကို ထုတ်ဖော်ပြသပေးနိုင်တဲ့ အရာတခုဖြစ်ပါတယ်။ အလုပ်တခုမှာ ဘယ်လောက်ကျွမ်းကျင်ကြောင်း၊ Professional ဖြစ်ကြောင်းကိုလည်း Portfolio ကနေတဆင့် အကဲဖြတ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့မှာ Portfolio တခုစနစ်တကျဖြစ်ဖို့ရာမဖြစ်မနေထည့်သွင်းဖော်ပြသင့်တဲ့ အရေးကြီးဆုံးအချက် (၆)ချက်ကိုပြောပြပေးလိုက်ပါတယ်။
Personal Information – ကိုယ်ရေးအချက်အလက်တွေအပြည့်အစုံပါဝင်ရပါမယ်။ အမည်ကနေစလို့ ဆက်သွယ်လို့ရမယ့် အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်တို့မဖြစ်မနေထည့်ရပါမယ်။ အခုနောက်ပိုင်းမှာ Social Media Account တွေကိုပါဖော်ပြပေးကြပါတယ်။ LinkedIn Account, Facebook Account အစရှိသဖြင့်။
Professional Summary – ကိုယ့်ရဲ့ Career သက်တမ်းမှာလုပ်ဆောင်ချင်တဲ့အလုပ်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း ထည့်သွင်းဖော်ပြသင့်ပါတယ်။ ဒါမှလည်း ဘယ်လောက်ထိ Passionate ဖြစ်ကြောင်းပေါ်လွင်စေမှာပါ။
Work Samples – လုပ်ဆောင်ချက်နမူနာတွေကိုလည်း ထည့်သွင်းဖော်ပြပါ။ ဥပမာ Video Editor တယောက်ဆိုရင် ဘယ်လို Editing Tool တွေကိုသုံးကြောင်း၊ ရလဒ်ကဘယ်လိုထွက်ကြောင်း၊ ဘယ်လိုလုပ်ဆောင်နိုင်ကြောင်း စတာတွေထည့်ပြီးဖော်ပြပေးပါ။
Projects – အလုပ်နဲ့ပတ်သက်တဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တွေ၊ အောင်မြင်ခဲ့တဲ့ရလဒ်တွေကိုလည်းမဖြစ်မနေထည့်ပြီး ဖော်ပြရမယ်။ ဒီအချက်ကအရမ်းအရေးကြီးပါတယ်။
Skills and Experience – ကျွမ်းကျင်တဲ့စကေးတွေဖော်ပြတတ်ဖို့နဲ့ အလုပ်အတွေ့အကြုံတွေကို သေသပ်စွာချပြဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့စကေးနေရာမှာ – ကြက်တောင်ရိုက်တာတို့၊ ဘောလုံးကစားတာတို့တော့ မလုပ်နဲ့ပေါ့နော်။
Certification – သင်တန်းလက်မှတ်တွေ၊ ဆုရတာတွေရှိရင်လည်း မချန်ခဲ့ပါနဲ့။ Google ကနေသင်တန်းတက်လို့ရလာတဲ့ Certificate တွေလည်းထည့်လို့ရတယ်။
အခုပြောသွားတဲ့အချက်တွေက ကိုယ့်ရဲ့ Profession အလုပ်အတွက် Portfolio တခုပြင်ဆင်တဲ့နေရာမှာ မဖြစ်မနေထည့်သွင်းရမယ့် အရေးကြီးဆုံးအချက်တွေပဲဖြစ်လို့ လုံးဝမကျန်ခဲ့ပါစေနဲ့ခင်ဗျာ။
အဆင်ပြေပါစေ။
AMC HACKS