“Portfolio တခုမှာမဖြစ်မနေပါဝင်သင့်တဲ့ အချက် (၆)ချက်”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Portfolio ဆိုတာ ကျနော်တို့ရဲ့ အလုပ်နဲ့ပတ်သက်တဲ့အရည်အချင်း၊ လုပ်ဆောင်ချက်တွေကို ဘယ်လောက်အတိုင်းအတာထိ လုပ်နိုင်စွမ်းရှိတယ်ဆိုကြောင်းကို ထုတ်ဖော်ပြသပေးနိုင်တဲ့ အရာတခုဖြစ်ပါတယ်။ အလုပ်တခုမှာ ဘယ်လောက်ကျွမ်းကျင်ကြောင်း၊ Professional ဖြစ်ကြောင်းကိုလည်း Portfolio ကနေတဆင့် အကဲဖြတ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့မှာ Portfolio တခုစနစ်တကျဖြစ်ဖို့ရာမဖြစ်မနေထည့်သွင်းဖော်ပြသင့်တဲ့ အရေးကြီးဆုံးအချက် (၆)ချက်ကိုပြောပြပေးလိုက်ပါတယ်။

Personal Information – ကိုယ်ရေးအချက်အလက်တွေအပြည့်အစုံပါဝင်ရပါမယ်။ အမည်ကနေစလို့ ဆက်သွယ်လို့ရမယ့် အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်တို့မဖြစ်မနေထည့်ရပါမယ်။ အခုနောက်ပိုင်းမှာ Social Media Account ‌တွေကိုပါဖော်ပြပေးကြပါတယ်။ LinkedIn Account, Facebook Account အစရှိသဖြင့်။

Professional Summary – ကိုယ့်ရဲ့ Career သက်တမ်းမှာလုပ်ဆောင်ချင်တဲ့အလုပ်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း ထည့်သွင်းဖော်ပြသင့်ပါတယ်။ ဒါမှလည်း ဘယ်လောက်ထိ Passionate ဖြစ်ကြောင်းပေါ်လွင်စေမှာပါ။

Work Samples – လုပ်ဆောင်ချက်နမူနာတွေကိုလည်း ထည့်သွင်းဖော်ပြပါ။ ဥပမာ Video Editor တယောက်ဆိုရင် ဘယ်လို Editing Tool တွေကိုသုံးကြောင်း၊ ရလဒ်ကဘယ်လိုထွက်ကြောင်း၊ ဘယ်လိုလုပ်ဆောင်နိုင်‌ကြောင်း စတာတွေထည့်ပြီး‌ဖော်ပြပေးပါ။

Projects – အလုပ်နဲ့ပတ်သက်တဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တွေ၊ အောင်မြင်ခဲ့တဲ့ရလဒ်တွေကိုလည်းမဖြစ်မနေထည့်ပြီး ဖော်ပြရမယ်။ ဒီအချက်ကအရမ်းအရေးကြီးပါတယ်။

Skills and Experience – ကျွမ်းကျင်တဲ့စကေးတွေဖော်ပြတတ်ဖို့နဲ့ အလုပ်အတွေ့အကြုံတွေကို သေသပ်စွာချပြဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့စကေးနေရာမှာ – ကြက်တောင်ရိုက်တာတို့၊ ဘောလုံးကစားတာတို့တော့ မလုပ်နဲ့ပေါ့နော်။

Certification – သင်တန်းလက်မှတ်တွေ၊ ဆုရတာတွေရှိရင်လည်း မချန်ခဲ့ပါနဲ့။ Google ကနေသင်တန်းတက်လို့ရလာတဲ့ Certificate တွေလည်းထည့်လို့ရတယ်။

အခုပြောသွားတဲ့အချက်တွေက ကိုယ့်ရဲ့ Profession အလုပ်အတွက် Portfolio တခုပြင်ဆင်တဲ့နေရာမှာ မဖြစ်မနေထည့်သွင်းရမယ့် အရေးကြီးဆုံးအချက်တွေပဲဖြစ်လို့ လုံးဝမကျန်ခဲ့ပါစေနဲ့ခင်ဗျာ။

အဆင်ပြေပါစေ။

AMC HACKS

Related