“Playlist တွေကို AI နဲ့ ဖန်တီးခွင့်ပေးတော့မယ့် Spotify”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

အရင်နှစ်က Spotify ရဲ့ DJ ကဏ္ဍမှာ AI နဲ့ playlist ထုတ်ပေးတာကို စမ်းသပ်ပြီးတဲ့နောက် Spotify က သုံးစွဲသူတွေအတွက် text prompts တွေအပေါ် အခြေခံပြီး playlist ရွေးချယ်ပေးနိုင်တဲ့ beta tool တစ်ခုကို စတင်မိတ်ဆက်လိုက်ပါပြီ။

AI Playlist beta အသစ်ကို ဗြိတိန်နဲ့ သြစတြေးလျက သုံးစွဲသူတွေထဲက Spotify Premium စာရင်းသွင်းသူတွေ ကနဦး စတင်အသုံးပြုနိုင်ပါပြီ။

ဗြိတိန်နဲ့ ဩစတြေးလျက သုံးစွဲသူတွေက Spotify ရဲ့ “Your Library” ကနေ ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ ‘+’ ခလုတ်ကို နှိပ်ပြီး AI playlist ရွေးချယ်ဖို့ရာ စတင်နိုင်ပါတယ်။

ကိုယ်လိုချင်တဲ့ music ပုံစံကို စာသားနဲ့ ရေးသားဖော်ပြပေးလိုက်တာနဲ့တင် ကိုက်ညီတဲ့ သီချင်းအမျိုးအစားတွေကို playlist တစ်ခုအဖြစ် ထုတ်ပေးမှာပါ။ ဥပမာ အနေနဲ့ “music to listen on a cold, rainy day” ဆိုရင် မိုးအေးတဲ့ နေ့တစ်နေမှာ နားထောင်ဖို့ရာ သင့်တော်တဲ့ သီချင်းပေါင်း ၃၀ ကို ထုတ်ပေးမှာပါ။

ကိုယ်လိုချင်တဲ့ သီချင်းပုံစံကို ကောင်းကောင်းဖော်ပြနိုင်လေ သုံးစွဲသူတွေ ကျေနပ်မှုရရှိမယ့် သင့်လျော်တဲ့ သီချင်းတွေ ထုတ်ပေးနိုင်လေပါပဲ။ ‘create’ button နှိပ်ပြီး ကိုယ်သဘောကျတဲ့ playlist ကိုလည်း သိမ်းထားလို့ ရပါတယ်။

ဒီ AI playlist တွေက စာသားဖော်ပြချက်အရ သီချင်းတွေ ထုတ်ပေးတဲ့နေရာမှာ အတော်လေး စိတ်ကျေနပ်မှုပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ “Blade (1998) ဇာတ်ကားထဲက သွေးစုပ်ဖုတ်ကောင်တွေ ဖမ်းတဲ့ ဇာတ်ကောင်လို ခံစားချင်တယ်” ဆိုပြီး စာသားဖော်ပြချက်ပေးလိုက်တဲ့အခါမှာ အမိုက်စား techno ဂီတ တွေပါတဲ့ playlist ကို ထုတ်ပေးတဲ့အပြင် ‘Blade’s Essence (Blade ရဲ့ အနှစ်သာရ)’ ဆိုပြီး playlist ရဲ့ နာမည်ကိုပါ တစ်ခါတည်း မှတ်သားပေးပါတယ်။

အသုံးပြုသူတွေက “သီချင်းအမျိုးအစား‌တွေ၊ ကိုယ်လိုချင်တဲ့ စိတ်ခံစားချက်ပုံစံနဲ့ အနုပညာရှင်” တွေ ပါဝင်တဲ့ စကားစုတွေကို ကောင်းကောင်းမွန်မွန် ဖော်ပြနိုင်ရင် ပိုမိုကောင်းမွန်တဲ့ playlists များကို ရရှိနိုင်မှာပဲ ဖြစ်ပြီး အမှတ်တရနေရာ‌တွေ၊ တိရစ္ဆာန်တွေ၊ လှုပ်ရှားမှု‌ပုံစံတွေ၊ ရုပ်ရှင်ဇာတ်ကောင်တွေ၊ အရောင်တွေနဲ့ အီမိုဂျီတွေကိုပါ ထည့်သွင်းရေးသားကာ အသုံးပြုနိုင်ပါတယ်။ Spotify က generative playlist feature ကို လာမယ့်လတွေအတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

သတိထားရမယ့် ကန့်သတ်ချက်အနည်းငယ်ကတော့ ဂီတနဲ့ မသက်ဆိုင်တဲ့ လက်ရှိဖြစ်ရပ်တွေ ဒါမှမဟုတ် သီးခြားအမှတ်တံဆိပ်နာမည်တွေကို အသုံးပြုရင်တော့ AI playlist တွေ ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ‌တချို့ အပျက်သဘောဆောင်တဲ့ စကားလုံးတွေကို အသုံးပြုရင်လည်း အလားတူပဲ playlist ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒီ AI playlist ကို အသုံးပြုတာက အခုအချိန်အထိတော့ ပျော်စရာအတွေ့အကြုံသစ်တစ်ခုပဲ ဖြစ်ပါတယ်။ playlist တွေကို ကိုယ်တိုင်ဖန်တီးတာထက် ပိုမိုမြန်ဆန်တဲ့နည်းလမ်းဖြစ်ပြီးတော့ ကိုယ့်စိတ်ကြိုက် တေးသွားအသစ်တွေကို ရှာဖွေလိုသူတွေအတွက် အကြိုက်တွေ့စေမှာပါ။ AI DJ လိုမျိုး ကိုယ်အရင်က နားထောင်ခဲ့တဲ့ သီချင်းတွေပေါ် မူတည်ပြီး playlist ဖန်တီးပေးတာထက် ဒီလို စိတ်ကြိုက် playlist ဖန်တီးပေးနိုင်တာက ပိုပြီးတော့လည်း အသုံးဝင်ပါတယ်။

ဒီဝန်ဆောင်မှုအသစ်ကို Spotify က အခုနှစ်နှောင်းပိုင်းမှာ မိတ်ဆက်ဖို့ရာ မျှော်မှန်းထားပြီးတော့ လောလောဆယ်မှာတော့ ဝန်ဆောင်မှုအသစ်တွေကို ရယူဖို့အတွက် ကျောင်းသားဆိုရင်က တစ်လကို $5.99 နဲ့ သာမန်သုံးစွဲသူအတွက်က $10.99 ကျသင့်မယ်လို့ သိရပါတယ်။

Reference: Spotify’s latest AI feature builds playlists based on text descriptions by TheVerge

AMC HACKS

Related