TikTok က ၎င်းရဲ့ ကိုယ်ပိုင်ပလက်ဖောင်းပြင်ပကနေ AI သုံးပြီး ဖန်တီးထားတဲ့ content တွေကို labelling (အညွှန်းတပ်ခြင်း) စတင်ပြုလုပ်တော့မယ်လို့ သိရပါတယ်။
မေလ ၉ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဒီသတင်းက လူသုံးများတဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်မှာ သတင်းအမှားတွေ ပျံ့နှံ့နေတဲ့ ကိစ္စရပ်တွေကိုဖြေရှင်းပေးနိုင်ဖို့ရာ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
“AI က မယုံနိုင်လောက်အောင် တီထွင်ဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေကို ပေးစွမ်းနိုင်ပေမယ့် content တစ်ပုဒ်က AI ဖန်တီးထားဝာာ ဟုတ်မဟုတ်ကို အလွယ် တကူ မသိနိုင်တာကြောင့် ကြည့်ရှုသူတွေကို လှည့်ဖြားနိုင်ပါတယ်” လို့ ကုမ္ပဏီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
TikTok က the Coalition for Content Provenance and Authenticity နဲ့ ပူးပေါင်းပြီးတော့ Content Credentials နည်းပညာကို အသုံးပြုမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီနည်းပညာက AI က ဖန်တီးထားတဲ့ content ဟုတ်မဟုတ်ကို မြန်မြန်ဆန်ဆန် ခွဲခြားနိုင်ပြီးတော့ label တပ်နိုင်ပါတယ်။ TikTok က ဒီနည်းပညာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ရုပ်ပုံတွေ ဗီဒိီယိုတွေမှာ စတင်အသုံးပြုခဲ့ပြီးတော့ မကြာခင်မှာ အသံသီးသန့်ဖိုင်တွေမှာပါ အသုံးပြုလို့ ရတော့မယ်လို့ ဆိုပါတယ်။
လာမယ့်လတွေမှာ Content Credentials က TikTok မှာ ဖန်တီးထားတဲ့ content တိုင်းမှာ ပူးတွဲပါဝင်သွားမှာ ဖြစ်ပြီးတော့ download ဆွဲတဲ့ content မှာလည်း ဆက်လက်ရှိနေမယ်လို့ သိရပါတယ်။ ဒီနည်းနဲ့ အသုံးပြုသူတွေဟာ TikTok ပေါ်မှာ ဖန်တီးထားတဲ့ content က AI ကို အသုံးပြုပြီး ဖန်တီးထားဝာာ ဟုတ်မဟုတ် သိရှိနိုင်မှာ ဖြစ်ပြီးတော့ content တစ်ခုဟာ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုဖန်တီးထားတယ် ဒါမှမဟုတ် ဘယ်လိုပြုပြင်ထားတယ်ဆိုတာကိုပါ သိရှိဖို့ရာ အထောက်အပံ့ဖြစ်စေမှာပါ။ Content Credentials ကို လက်ခံကျင့်သုံးမယ့် အခြားပလပ်ဖောင်းတွေမှာလည်း အလိုအလျောက် label တပ်ပေးတဲ့ စနစ်ကို အသုံးပြုနိုင်မှာပါ။
ဗီဒိယိုမျှဝေတဲ့ ပလက်ဖောင်းထဲမှာ ဒီလို အထောက်အထား (credentials) တွေနဲ့လက်တွေ့အကောင်အထည် ဖော်တာ TikTok ဟာ သူ ပထမဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနယ်ပယ်ထဲမှာ ဒီလို အထောက်အထားတွေကို ထည့်သွင်းအသုံးချတဲ့နေရာမှာ တွန်းအားပေးကူညီနိုင်ဖို့ရာအတွက် Adobe-led Content Authenticity Initiative မှာလည်း ပူးပေါင်းပါဝင်သွားမယ်လို့ ဆိုပါတယ်။
“ကျွန်ုပ်တို့ရဲ့ users နဲ့ creators တွေက AI ရဲ့ ဖန်တီးနိုင်စွမ်းတွေနဲ့ ပတ်သက်လို့ အလွန်စိတ်လှုပ်ရှားနေကြပါသည်။ ကျွန်တော်တို့အနေနဲ့လည်း ဘယ်အရာက အမှန်တရား ဘယ်အရာက စိတ်ကူးယဉ် ဖန်တီးထားတယ်ဆိုတာကို အသုံးပြုသူတွေ ခွဲခြားနိုင်စွမ်းရှိဖို့ရာ လုပ်ဆောင်သွားမှာပါ” လို့ TikTok ရဲ့ Operations & Trust and Safety အကြီးအကဲ Adam Presser က ABC News ကို ပြောကြားခဲ့ပါတယ်။ ဒီကြေငြာချက်က ကြာသပတေးနေ့က ABC ရဲ့ Good Morning America အစီအစဉ်မှာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။
ယခင်တည်းက TikTok ရဲ့မူဝါဒက users တွေ AI ကို အသုံးပြုပြီး ဖန်တီးထားတာ ဒါမှမဟုတ် သိသိသာသာ AI နဲ့ တည်းဖြတ်ထားတဲ့ content တွေကို အညွှန်းတပ်ဖို့ရာ ရည်ရွယ်ပါတယ်။ AI က ဖန်တီးထားတဲ့ လက်တွေ့ဆန်တဲ့ ရုပ်ပုံတွေ အသံနဲ့ ဗီဒီယိုတွေပါဝင်တဲ့ content တွေကိုပါ အညွှန်းတပ်ပေးဖို့ရာ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
Reference: TikTok to start labeling AI-generated content by AfricaNews
AMC HACKS