Otter က အသံနဲ့ စကားပြောဆိုမှုတွေကို မှတ်တမ်းတင်ပြီး အသံသွင်းပေးတဲ့ AI အသုံးချ အလိုအလျောက် စာသားမှတ်တမ်း ထောက်ပံ့ပေးတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယိ။ ဒီဆော့ဖ်ဝဲက အချိန်နဲ့တစ်ပြေးညီ စာသားမှတ်တမ်းထုတ်ပေးတာအပြင် စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်တဲ့ features တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။
1. AI Based Service: ဒီဝန်ဆောင်မှုက အစည်းအဝေးအတွင်းမှာ note မှတ်ယူဖို့ရာ AI ကို အသုံးပြုပြီးတော့ ဝင်ရောက်ဆွေးနွေးနိုင်စွမ်းလည်း ရှိပါတယ်။
2. Spoken Words Capturing: ဆက်သွယ်ပြောဆိုနေရင်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို လွတ်သွားရတာမျိုး မရှိချင်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပြောဆိုလိုက်တဲ့ စကားလုံးတွေကို ထိထိရောက်ရောက် မှတ်သားပေးနိုင်ပါတယ်။
3. User Friendly Interface: Otter ကို ဘယ်လို user မဆို အသုံးပြုရလွယ်ကူစေတဲ့ interface design နဲ့ ဖန်တီးထားပါတယ်။
4. Real-time AI Assistant: Otter ဟာ အစည်းအဝေးအတွင်းမှာ မေးခွန်းတွေကို အချိန်နဲ့တပြေးညီ ဖြေဆိုပေးနိုင်တဲ့ AI လက်ထောက်လည်း ဖြစ်ပါတယ်။
5. Sharing Notes: Otter က အစည်းအဝေးအတွင်းက notes တွေနဲ့ အနှစ်ချုပ်ရှင်းလင်းချက်တွေကို အဖွဲ့သားတွေဆီ email နဲ့သာမက သက်ဆိုင်ရာ Slack Channel မှာပါ မျှဝေပေးပါတယ်။
6. Pricing: အခမဲ့ဗားရှင်းလည်း ရှိပြီးတော့ Pro နဲ့ Business plan တွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ တပ်ဆင်ခက ဒီစျေးနှုန်းတွေမှာ မပါဝင်တာကြောင့် ကုန်ကျစရိတ်တွက်ချက်တဲ့အခါ တပ်ဆင်ခကိုပါ ထည့်တွက်ဖို့ရာ အရေးကြီးပါတယ်။
Otter က အစည်းအဝေးကနေ လုပ်ဆောင်ရမယ့်အချက်တွေကို အလိုအလျောက် ကောက်ယူပေးပြီးတော့ အဖွဲ့သားတွေ နောင်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေမှာ အချိန်အဆက်မိနေဖို့ရာ အထောက်အကူပြုပေးတဲ့ ဝန်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။