“OpenAI အတွက် contents တွေ ယူသုံးခွင့်ပေးလိုက်တဲ့ Financial Times”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Financial Times က သူရဲ့ content တွေကို OpenAI ChatGPT ရဲ့ AI systems တွေမှာ လေ့ကျင့်သင်ကြားဖို့ရာ အသုံးပြုခွင့်ပေးတဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။

FT က OpenAI နဲ့ သတင်းထုတ်ဝေသူတွေကြားမှာ နောက်ဆုံးသဘောတူထားတဲ့ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မဖော်ပြထားတဲ့ ငွေပေးချေမှုကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

ChatGPT အသုံးပြုသူတွေအတွက် FT ဂျာနယ်လစ်ဇင်ရဲ့ အကျဉ်းချုပ်တွေနဲ့ ကိုးကားချက်တွေအပြင် ဆောင်းပါးလင့်ခ်တွေကို သင့်လျော်သလို response ပြန်ပေးမှာ ဖြစ်ပါတယ်။

FT Group ရဲ့ အမှုဆောင်အရာရှိချုပ် John Ridding က AI ကုမ္ပဏီတွေဟာ ထုတ်ဝေသူတွေရဲ့ content ပိုင်းဆိုင် ရာကို အခကြေးငွေပေးပြီး အသုံးပြုနေကြတဲ့အကြောင်း ဆိုပါတယ်။

New York Times ကတော့ OpenAI နဲ့ သူရဲ့အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ Microsoft တို့ကို တရားစွဲဆိုထားပါတယ်။ အကြောင်းပြချက်ကတော့ large language models တွေကို train တဲ့နေရာမှာ သူရဲ့ content တွေကို အသုံးပြုတာကြောင့်လို့ သိရပါတယ်။

“OpenAI က ကျွန်‌တော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပွင့်လင်းမြင်သာမှု၊ ထည့်သွင်းစဉ်းစားပေးမှုနဲ့ လျော် ကြေးငွေတို့ရဲ့ အရေးပါမှုကို နားလည်ပါတယ်၊ တစ်ချိန်တည်းမှာပဲ ဒီ data တွေဟာ ယုံကြည်စိတ်ချရတဲ့ အရင်း အမြစ်တွေဖြစ်တယ်ဆိုတာ သုံးစွဲသူတွေကလည်း သေသေချာချာ နားလည်သိရှိကြပါတယ်” လို့ Ridding က ပြောကြားခဲ့ပါတယ်။

OpenAI က အမေရိကန်သတင်းအေဂျင်စီ Associated Press၊ El País ပိုင်ရှင် Prisa Media နဲ့ Bild tabloid ထုတ်ဝေတဲ့ ဂျာမနီက Axel Springer တို့နဲ့လည်း အလားတူသဘောတူညီချက်များကို လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။

OpenAI ရဲ့ chief operating officer, Brad Lightcap က ကုမ္ပဏီရဲ့ ထုတ်ကုန်တွေဟာ အသုံးပြုသူတွေအကြား ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ အရည်အသွေးပိုင်းဆိုင်ရာမှာ စိတ်ချရတဲ့ သတင်းစာပညာကို ကိုယ်စားပြုဖို့ရာလည်း အရေးပါတယ်လို့ ဆိုပါတယ်။

ChatGPT လိုမျိုး Chatbots တွေဟာ ရိုးရှင်းတဲ့ prompts တွေပေါ်မူတည်ပြီး ယုံကြည်စိတ်ချရတဲ့ စာသား၊ ရုပ်ပုံ နဲ့ အသံကို ထုတ်လုပ်နိုင်တဲ့ နည်းပညာဖြစ်တဲ့ Generative AI တိုးတက်မှုရဲ့ ကနဦး တီထွင်မှုပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ tools တွေကို ကျောထောက်နောက်ခံ‌ပေးထားရတဲ့ models တွေကတော့ အင်တာနက်ပေါ်က ဒေတာအများအပြားပေါ်မှာ လေ့ကျင့်သင်ကြားထားရပါတယ်။ ဒီဒေတာတွေထဲမှာ copyright ငြိစေနိုင်တဲ့ စာနဲ့ ပုံတွေလည်း ပါဝင်ပါတယ်။

Jodi Picoult၊ John Grisham နဲ့ Game of Thrones စာရေးဆရာ George RR Martin အပါအဝင် စာရေးဆရာများက OpenAI ကို US မှာ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲလျက်ရှိပါတယ်။

ကမ္ဘာ့အကြီးဆုံး photo collection တွေထဲက တစ်ခုဖြစ်တဲ့ Getty Images ဟာလည်း photo ထုတ်ပေးတဲ့ Stable Diffusion AI ရဲ့ နောက်ကွယ်က UK ကုမ္ပဏီကို အလားတူ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲထားပါ‌သေးတယ်။

ပြီးခဲ့တဲ့နှစ်က FT အယ်ဒီတာ Roula Khalaf က သူရဲ့ newsroom မှာရှိတဲ့ အဖွဲ့တစ်ဖွဲ့ကနေ AI tools တွေကို တာဝန်ယူမှုအပြည့်နဲ့ စမ်းသပ်မှုတွေ ပြုလုပ်မယ့်အကြောင်းနဲ့ generative AI ကို အသုံးပြုပြီး ဇာတ်လမ်းရှာဖွေဖို့အတွက် ဂျာနယ်လစ်တွေကို လေ့ကျင့်သင်ကြားပေးတော့မယ့်အကြောင်း ပြောကြားထားခဲ့ပါတယ်။ အသုံးပြုတဲ့ နည်းပညာတွေကိုလည်း ကွယ်ဝှက်ထားတာမျိုးမရှိစေဘဲ ပွင့်လင်းမြင်သာမှုရှိအောင် ဖော်ပြပြီးတော့ သတင်းစာကိုလည်း လူသားတွေကိုပဲ အသုံးပြုပြီး ရေးသားသွားမယ်လို့ ဆိုပါတယ်။

Enders Analysis မှ အကြီးတန်း သုတေသန လေ့လာသူ Niamh Burns က FT ရဲ့ “အရည်အသွေးမြင့်” content တွေက OpenAI chatbot ရဲ့ တုံ့ပြန်မှုတွေကို ပိုမိုကောင်းမွန်စေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“FT ရဲ့ content တွေက သုံးစွဲသူတွေရဲ့ မေးမြန်းချက်တွေပေါ်မှာ တိကျပြီး အရည်အသွေးမြင့်တဲ့ နောက်ဆုံးပေါ်အချက်အလက်တွေကို ထုတ်ပေးနိုင်တာ‌ကြောင့် OpenAI chatbot အတွက် အတော်လေး အသုံးဝင်ပါတယ်” လို့ ဆိုပါတယ်။ FT ရဲ့ ထုတ်ကုန်တွေနဲ့ brand ရဲ့ အားသာမှုတွေကြောင့် AI products တွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ risk တွေကနေလည်း ကာကွယ်ပေးနိုင်မှုအရှိဆုံးလို့ ပြောကြားထားပါသေးတယ်။

Reference: OpenAI to use FT journalism to train artificial intelligence systems by TheGuardian

AMC HACKS

Related