“OpenAI က သူမအသံကို ခွင့်ပြုချက်မပါပဲ ယူသုံးထားတယ်လို့ ဆိုလာတဲ့ Scarlert Johansson”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Scarlett Johansson ဟာ OpenAI ရဲ့ ChatGPT ထုတ်ကုန်အသစ်မှာ သူမရဲ့ အသံနဲ့ ဆင်တူတဲ့ အသံကို အသုံးပြုထားကြောင်း ထုတ်ပြန်ပြောဆိုလာပါတယ်။

OpenAI ကနေ လွန်ခဲ့တဲ့ 9လခန့်က ၎င်းရဲ့ AI စနစ်မှာ အသံသွင်းပေးဖို့ရာ Johansson ကို ဆက်သွယ်ချဉ်းကပ်ခဲ့ကြောင်းနဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် ငြင်းပယ်ခဲ့တဲ့အကြောင်းကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ကုန်အသစ်ရဲ့ အသံဟာ သူမရဲ့ အသံနဲ့ ခွဲခြားလို့မရအောင် ဆင်တူလွန်းတာမို့ ထိတ် လန့်ဒေါသထွက်ရကြောင်းလည်း ဆိုပါတယ်။

OpenAI က promotion အကျအနနဲ့ မိတ်ဆက်ထားတဲ့ အသံဝန်ဆောင်မှုအပေါ်မှာ အလွန်အကြူး တုံ့ပြန်မှုများစွာ ရရှိပြီးတဲ့နောက် တနင်္လာနေ့တုန်းက ဖယ်ရှားပစ်ခဲ့ရပါတယ်။ ကုမ္ပဏီက ChatGPT-4o AI model အသစ်ရဲ့ စွမ်းဆောင်ရည်တွေကို ပြီးခဲ့တဲ့အပတ်က လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ အခမ်းအနားမှာ “Sky” အမည်ရတဲ့ အသံကို အသုံးပြုခဲ့ပါတယ်။ သုတေသီတွေက Sky ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ စကားပြောစွမ်းရည်တွေကို ပြသခဲ့ကြပါတယ်။ အသုံးပြုသူတွေက 2013 ခုနစ်က ထွက်ရှိခဲ့တဲ့ Her အမည်ရ ရုပ်ရှင်မှာ Scarlett Johansson အသံသရုပ်ဆောင်အနေနဲ့ ပါဝင်ထားတဲ့ AI companion နဲ့ Sky ကို နှိုင်းယှဉ်တာမျိုးတွေ များစွာပြုလုပ်ခဲ့ကြပါတယ်။

OpenAI ရဲ့ CEO Sam Altman ကတောင် အသံဒီဇိုင်းက Johansson ရဲ့ဇာတ်ကောင်ကို ရည်ရွယ်ချက်ရှိရှိ အတုယူပြီး ဖန်တီးထားကြောင်းကို သိသာစေတဲ့ “Her” ဆိုတဲ့ tweet တစ်ခုကို မိတ်ဆက်ပွဲအပြီးမှာ tweet ထားပါသေးတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာမှသာ OpenAI ဘက်ကနေ Sky ဟာ Johansson ကို အခြေခံပြီး ဖန်တီးထားတာမဟုတ်ကြောင်းနဲ့ အသံသရုပ်ဆောင်လုပ်ငန်းကို တန်ဖိုးထားကြောင်း ဆိုပါတယ်။

“Sky ရဲ့အသံက Scarlett Johansson ကို တုပထားတာ မဟုတ်ပါဘူး။ တခြား professional သရုပ်ဆောင်တစ်ဦးရဲ့ သဘာဝကျကျ စကားပြောတဲ့ အသံကို အသုံးပြုထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ privacy အရ ဘယ်သူ့ရဲ့ အသံဆိုတာတော့ ကျွန်တော်တို့မှာ ထုတ်ဖော်ပိုင်ခွင့်မရှိပါဘူး” လို့ blogpost တစ်ခုမှာ ရေးသားထားပါတယ်။

ကုမ္ပဏီရဲ့ safety team မှ ထိပ်တန်းအဖွဲ့ဝင်အချို့ နှုတ်ထွက်ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ Sky ရဲ့အသံကို ပြန်လည်ရုပ်သိမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အဓိကသုတေသီတစ်ဦးဖြစ်တဲ့ Jan Leike လည်း နှုတ်ထွက်တဲ့အထဲပါဝင်ပြီး ကုမ္ပဏီက လုံခြုံရေးလုပ်ငန်းစဉ်တွေထက် လူပြောများမယ့် လူသိများစေမယ့် ထုတ်ကုန်တွေ ထုတ်နိုင်ဖို့အရေးကိုသာ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။ Altman နဲ့ တွဲဖက်တည်ထောင်သူ Greg Brockman တို့က ဘေးကင်းလုံခြုံရေး စိုးရိမ်ရမှုများရှိပါက ထုတ်ကုန်တစ်ခုကို ထုတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး သီတင်းပတ်အကုန်မှာ ကုမ္ပဏီကို အကာအကွယ်ပေးခဲ့ပါတယ်။

AI ကုမ္ပဏီတွေ အထူးသဖြင့် လက်ရှိမှာ OpenAI က မူပိုင်ခွင့်ကိစ္စရပ်နဲ့ ပတ်သက်လို့ ဖျော်ဖြေရေးသမား‌တွေ၊ ဖန်တီးသူတွေနဲ့ မီဒီယာကုမ္ပဏီတွေရဲ့ တရားစွဲဆိုမှုတွေ ခံနေရတာပဲ ဖြစ်ပါတယ်။

Reference: ChatGPT suspends Scarlett Johansson-like voice as actor speaks out against OpenAI by TheGuardian

AMCHACKS

Related