Google က ၎င်းရဲ့ AI သုံး ရှာဖွေရေးကိရိယာအသစ်က သုံးစွဲသူတွေအတွက် အလုပ်ဖြစ်စေမယ့်အပြင် အွန်လိုင်းမှာ အချက်အလက် ရှာဖွေရာမှာလည်း ပိုမိုမြန်ဆန်လွယ် ကူစေမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမယ့် မိတ်ဆက်ပြီး ရက်ပိုင်းအကြာမှာပဲ ကုမ္ပဏီဘက်ကနေ မှားယွင်းတဲ့ ရလဒ်အချို့ကို ပြန်လည်ပြင်ဆင်နေရပြီပဲ ဖြစ်ပါတယ်။
Google ဟာ ယခုလအစောပိုင်းမှာ users တွေရဲ့ မေးခွန်းတွေ အတွက် အဖြေတွေ မြန်မြန်ဆန်ဆန် ရရှိနိုင်ဖို့အတွက် ရှာဖွေမှုရလဒ်တွေကို အကျဉ်းချုပ်ဖော်ပြပေးမယ့် AI အသုံးချ tool ကို ယခုလအစောပိုင်းတုန်းက မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် users တွေရဲ့ အချို့မေးခွန်းတွေကို လွဲမှားတဲ့ အချက်အလက်တွေ ထုတ်ပေးပြီးတဲ့နောက် ယခုသီတင်းပတ်မှာ ဒီ feature နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။
Google ရဲ့ AI အကျဉ်းချုပ်က ယခင်သမ္မတဟောင်း Barack Obama ဟာ မွတ်စ်လင်မ်တစ်ဦးဖြစ်တယ်ဆိုပြီး အနှစ်ချုပ်မှာ ဖြေဆိုဖော်ပြထားတာကို အသုံးပြုသူအများအပြားက X မှာ တင်ခဲ့ကြပါတယ်။ တကယ်တော့ အိုဘားမားက ခရစ်ယာန်တစ်ယောက်ပါ။ အဲ့ဒါအပြင် Google AI အကျဥ်းချုပ်က “အာဖရိကရဲ့ နိုင်ငံပေါင်း 54 နိုင်ငံမှာ ‘K’ နဲ့စတဲ့ နိုင်ငံ မပါဘူး” ဆိုပြီး ဖြေဆိုထားတာလည်း ရှိတာကြောင့် ကင်ညာ (Kenya) နိုင်ငံကို အာဖရိကရဲ့ နိုင်ငံတစ်ခုအနေနဲ့ မသိတော့တဲ့ပုံ ဖြစ်သွားပါတယ်။
Google ဘက်ကနေ ဒီမေးမြန်းမှုနှစ်ခုအတွက် AI ရဲ့ ပြန် လည်ဖြေကြားချက်တွေက ကုမ္ပဏီရဲ့မူဝါဒကို ချိုးဖောက်တဲ့အတွက် ဖယ်ရှားလိုက်ပြီလို့ သောကြာနေ့တုန်းက CNN ကို အတည်ပြုခဲ့ပါတယ်။
“AI အကျဉ်းချုပ် အများစုက web ပေါ်မှာ ထပ်မံရှာဖွေဖို့ရာ link တွေနဲ့အတူ အရည်အသွေးမြင့်တဲ့ အချက် အလက်တွေကို ထောက်ပံ့ပေးပါတယ်”လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Colette Garcia က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားထားပါတယ်။ Google AI အကျဉ်း ချုပ်နဲ့ ပတ်သက်လို့ တချို့နာမည်ကြီးနေတဲ့ လွဲမှားချက်တွေက ပြုပြင်ထားတဲ့ ပုံတွေလည်း ပါဝင်တဲ့အပြင် ကုမ္ပဏီက AI အနှစ်ချုပ်မှာ မှားယွင်းတဲ့ ဒါမှမဟုတ် အရည်အသွေးနိမ့်တဲ့ ရလဒ်တွေကို တားဆီးဖို့ရာအတွက် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ထားတယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။
Google က OpenAI နဲ့ Meta လိုမျိုး ပြိုင်ဘက်တွေနဲ့ အမှီလိုက်နိုင်ဖို့အတွက် ကုမ္ပဏီရဲ့ Gemini AI နည်းပညာကို ၎င်းရဲ့ ထုတ်ကုန်အားလုံးမှာ ထည့်သွင်းအသုံးချနိုင်ဖို့အတွက် ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ AI အကျဉ်းချုပ်က ဒီကြိုးပမ်းမှုကို တွန်းအားဖြစ်စေတဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။ ဒါပေမယ့် AI ထည့်ပြီးသွားတဲ့အချိန်မှာ ရလဒ်အမှားအချို့ ပြသတာကြောင့် online မှာ အချက် အလက်ရှာဖွေဖို့ရာ ယုံကြည်ရတဲ့ သတင်းရင်းမြစ်အဖြစ် နာမည်တစ်ခုရထားတဲ့ Google ရဲ့ ဂုဏ်သတင်းကို ပျက်ပြားစေနိုင်ပါတယ်။
တချို့ပေါ့ပေါ့ပါးပါး ရှာဖွေမှုလေးတွေကိုတောင်မှ Google AI အကျဉ်းချုပ်က လွဲမှားတဲ့ ဒါမှမဟုတ် ရှုပ်ထွေးတဲ့အချက်အလက်တွေကို ပြသပေးနေဟန် ရှိပါတယ်။
Google က ဒီလိုအမှားတွေကြောင့် အသုံးချထားတဲ့ AI စွမ်းဆောင်ရည်တွေကို ဖယ်ရှားရတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဖေဖော်ဝါရီလတုန်းကလည်း AI အသုံးချပြီး ပုံတွေထုတ်ပေးတဲ့ image generator ကနေ လူဖြူတွေအစား သမိုင်းအရမမှန်ကန်တဲ့ တခြားအရောင်နဲ့ လူတွေရဲ့ပုံကို မှားယွင်းထုတ်ပေးတာကြောင့် ဒီစွမ်းဆောင်ရည်ကိုလည်း ဖယ်ရှားခဲ့ရပါသေးတယ်။
Google ရဲ့ Search Labs web စာမျက်နှာမှာတော့ users တွေကိုယ်တိုင် AI ရှာဖွေမှု ခြုံငုံသုံးသပ်ချက် feature ကို on/off (အသုံးပြုခြင်း ဖွင့်/ပိတ်) လုပ်လို့ရပါတယ်။
Reference: Google Search’s AI falsely said Obama is a Muslim. Now it’s turning off some results by CNN
AMC HACKS