“Music AI ကို ရပ်စေချင်နေကြတဲ့ ကမ္ဘာကျော်အဆိုတော်များ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Billie Eilish နဲ့ Nicki Minaj တို့ဟာ ဂီတနယ်ပယ်မှာ ဉာဏ်ရည်တု (AI) ကို စီးပွားရေးဆန်ဆန် ခေါင်းပုံဖြတ်အသုံး ပြုမှု‌တွေကို ရပ်တန့်ရန်တောင်းဆိုတဲ့ အနုပညာရှင် ၂၀၀ မှာပါဝင်ခဲ့ပါတယ်။

Katy Perry နဲ့ estate of Frank Sinatra တို့ လက်မှတ်ရေးထိုးထားသော အိတ်ဖွင့်ပေးစာမှာ ၎င်းတို့က AI ကို ဖြုတ်မထားခဲ့ပါက “အောက်ခြေအထိ ပြိုင်ဆိုင်သွားမယ်” လို့ သတိပေးထားတာပါ။

YouTube အပါအဝင် နည်းပညာကုမ္ပဏီကြီးများဟာ AI ဂီတဖန်တီးမှုကိရိယာများကို စမ်းသပ်ခဲ့ကြပါတယ်။ “အနုပညာရှင်တွေရဲ့ အသံနဲ့ ပုံသဏ္ဍာန်တွေကို ခိုးယူဖို့ AI ကို ရက်စက်ကြမ်းကြုတ်တဲ့ အသုံးချမှုကနေ ကာကွယ်ရမယ်” လို့ ၎င်းတို့က ပြောကြားခဲ့ပါတယ်။

တေးရေးဆရာတွေနဲ့ အနုပညာရှင်တွေ ဖန်တီးထားတဲ့ အနုပညာတွေကို ထိခိုက်စေတာ ဒါမှမဟုတ် အစားထိုးအသုံးပြုတာတွေအတွက် သင့်လျော်တဲ့ လျော်ကြေးငွေကို မပေးဆောင်ဘဲ ဂီတ ဖန်တီးတဲ့ AI tools တွေ တီထွင်နေတဲ့ နည်းပညာကုမ္ပဏီတွေကို သတိပေးပြောဆိုထားပါတယ်။

အနုပညာရှင်များအခွင့်အရေးမဟာမိတ်အဖွဲ့ကနေ စီစဉ်တဲ့ အိတ်ဖွင့်ပေးစာမှာ AI tools တွေက ဒီလိုလက်လွတ်စပယ်အသုံးပြုနေရင် အနုပညာရှင်တွေရဲ့ အခွင့်အရေးကို ထိပါးတဲ့အတွက် အရေးယူသွားမယ်လို့ ဆိုပါတယ်။

အချို့သော AI models တွေကို လေ့ကျင့်ဖို့ရာ အနုပညာရှင်တွေရဲ့ အနုပညာတွေကို အသုံးပြုနေတဲ့ နည်းလမ်းက “လူသားတွေရဲ့ဖန်တီးနိုင်စွမ်းကို ချေမှုန်းခြင်း” ဖြစ်ပြီး “ဖန်တီးသူတွေရဲ့အခွင့်အရေးကို ချိုးဖောက်ပြီးတော့ဂီတဂေဟစနစ်ကို ဖျက်ဆီးရန် အသုံးပြုနေခြင်း” ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

UK Music လုပ်ငန်းအဖွဲ့ရဲ့ ယာယီအကြီးအကဲ Tom Kiehl ဟာလည်း အနုပညာရှင်တွေရဲ့ လုပ်ငန်းခွင်ကို ခွင့်ပြုချက်မရှိဘဲ AI လေ့ကျင့်ဖို့ရာ အသုံးပြုခံရမှာကို စိုးရိမ်နေတဲ့ အနုပညာရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေအတွက် “ဒါဟာ ဂီတခဝါချခြင်း ဖြစ်ပြီးတော့ ဒီကိစ္စတွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီမှန်သမျှက ဂီတလောကမှာဒီ့ထက် ပိုမို တာဝန်ရှိစွာ ဆောင်ရွက်အသုံးပြုပေးဖို့ လိုတယ်” လို့ ဆိုပါတယ်။

အနုပညာရှင်တွေရဲ့ သဘောတူညီချက်ကို ဦးစွာရယူပြီးမှ AI စနစ်များပေါ်မှာ အသုံးပြုပြီးတော့ သင့်လျော်တဲ့ခရက်ဒစ်နဲ့ အခကြေးငွေရရှိစေရေးတွေကို အခြေခံအနေနဲ့ လုပ်ဆောင်ရမှာပဲ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

Drake နဲ့ The Weeknd တို့ရဲ့ အသံများကို အတုယူပြုလုပ်ကာ AI ကိုအသုံးပြုထားတဲ့ သီချင်းတစ်ပုဒ်ထွက်လာကာ နာမည်ကြီးလာခဲ့ပြီးနောက် မကြာသေးမီလများအတွင်း တီထွင်ဖန်တီးမှုဆိုင်ရာ ပညာရပ်များနဲ့ genres အပိုင်းများမှ အနုပညာရှင်များဟာ AI ကို ဘယ်လို အသုံးပြုပုံအကြောင်းများ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

Drake ဆိုရင်လည်း သူ့အသံနဲ့ တော်တော်တူသော သီချင်းကို သူ့သီချင်းမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကာ အမှန်တကယ်မှာလည်း AI အသံပွားကိရိယာများကို အသုံးပြုပြီး ထုတ်လုပ်ထားခြင်းဖြစ်ပြီး ရုတ်တရက်ဖြုတ်ချခြင်းမခံရမီ Spotify နဲ့ Apple Music မှာ ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။

AI မှရေးသားသော သီချင်းများ ထွန်းကားလာမှုကြောင့် ဂီတပညာရှင်များက ၎င်းတို့ရဲ့အလုပ်များကို ခုခံကာကွယ်ရန် “တိုက်ပွဲ” နဲ့ ရင်ဆိုင်ရမယ်လို့ ယုံကြည်ကြောင်း Sting မှ ဘီဘီစီသို့ ပြောကြားခဲ့ပြီး နောက်ပိုင်းမှာပဲ အခြားသော အနုပညာရှင်များကလည်း ယင်းအကြောင်းကို ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

“ဂီတတည်ဆောက်မှုဟာ ကျွန်ုပ်တို့လူသားများနဲ့သာ သက်ဆိုင်တယ်” လို့ပါ သူက ကြွေးကြော်ခဲ့ပါတယ်။

သို့သော် ဂီတပညာရှင်အားလုံးကတော့ ဂီတနယ်ပယ်မှာ AI အသုံးပြုလာမှုတွေကို ဆန့်ကျင်နေကြတာမဟုတ်ပါဘူး။ အီလက်ထရွန်နစ်ပညာရှင် Grimes နဲ့ DJ David Guetta တို့က ထိုကဲ့သို့သော AI ကိရိယာများကို အသုံးပြုခြင်းကို ထောက်ခံသူများထဲမှာ ပါဝင်ကြပါတယ်။

Grimes က ၎င်းရဲ့အသံကို penalty မပါဘဲ အသုံးပြုရန် ပရိသတ်များနဲ့ တက်သစ်စ ဂီတပညာရှင်များကိုပင် အားပေးခဲ့ကာ သူမအသံအသုံးပြုထားပြီး အောင်မြင်သော AI တေးသွားများကိုလည်း royalty fee ပါ ခွဲဝေပေးမယ်လို့ပါ ပြောကြားခဲ့ပါတယ်။

Reference: Billie Eilish and Nicki Minaj want stop to ‘predatory’ music AI by BBC

AMC HACKS

Related