“Meeting တွေမှာ သူမတူအောင် အသုံးဝင်တဲ့ AI Tool ‘Fireflies’ “

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Fireflies က users တွေ အစည်းအဝေးတွေမှာ မှတ်တမ်းတင်ခြင်း၊ အသံသွင်းခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ကူညီဖို့ရာ ဒီဇိုင်းထုတ်ထားတဲ့ AI platform တစ်ခုဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ အစည်းအဝေးမှတ်တမ်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ရာ natural language processing (NLP) နဲ့ machine learning နည်းပညာတွေကို အသုံးချထားပါတယ်။

Fireflies မှာဆိုရင်

1. Meeting Recording and Transcription: Fireflies က Zoom, Microsoft Teams နဲ့ Google Meet အစရှိတာတွေမှာ အစည်းအဝေးတွေကို ရိုက်ကူးမှတ်တမ်းယူတာနဲ့ စာသားမှတ်တမ်းယူတာတွေ လုပ်ဆောင်နိုင်ပါတယ်။

2. Searchable Transcripts: အစည်းအဝေးအတွင်းမှာ ပြောကြားထားတဲ့ conversation တွေကနေ တိကျသေချာတဲ့ စာသားမှတ်တမ်းတွေကို ထုတ်ပေးပါတယ်။ ဒီစာသားတွေကို ပြန်လည်ရှာဖွေလို့လည်း ရတာကြောင့် ကိုယ်ရှာချင်တဲ့ အချက်အလက်နေရာကို အလွယ်တကူရှာဖွေလို့ ရစေပါတယ်။

3. Action Items and Highlights: Fireflies က အစည်း အဝေးကနေ အဓိကကျတဲ့ အချက်တွေ၊ လုပ်ဆောင်ရ
မယ့်အရာတွေနဲ့ အရေးကြီးတဲ့ အချက်တွေကို ခွဲခြားကောက်နှုတ်နိုင်တာကြောင့် အသုံးပြုသူတွေက အရေး ကြီးတဲ့ အချက်အလက်တွေကို အလျင်အမြန် ပြန်လည်သုံးသပ်နိုင်စေပါတယ်။

4. Integrations: Slack၊ Salesforce၊ Asana နဲ့ အခြား tools တွေနဲ့လည်း ပေါင်းစပ်ထားတာကြောင့် အသုံးပြုသူတွေ သူတို့ရဲ့ လုပ်ငန်းအသွားအလာတစ်လျှောက်မှာ ချောမွေ့စေပါတယ်။

5. Collaboration: Fireflies မှာပဲ အသုံးပြုသူ အဖွဲ့သားအချင်းချင်း မှတ်ချက်ပေးတာတွေ conversation အစိတ်အပိုင်းတွေကို မျှဝေတာတွေ လုပ်လို့ ရပါတယ်။

Fireflies က အစည်းအဝေးလုပ်ငန်းစဉ်ကို ချောမွေ့စေခြင်း၊ ကိုယ်တိုင် note တွေ မှတ်ဖို့အချိန်ကို လျှော့ချပေးနိုင်ခြင်းနဲ့ အစည်းအဝေးအတွင်းမှာ အပြန်အလှန် ဖလှယ်ထားတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို အသုံးချဖို့ရာ ပိုမိုလွယ်ကူစေခြင်းတို့အတွက် ရည်ရွယ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

AMC HACKS

Related