လွန်ခဲ့သော 62 နှစ်က ကွယ်လွန်ခဲ့တဲ့ Marilyn Monroe ဟာ အပြင်မှာ ပြောနေရသလို အရမ်း realistic ဆန်တဲ့
ဒစ်ဂျစ်တယ်ကိုယ်ပွားအဖြစ် လူပြန်ဝင်စားလာခဲ့ပြီး ကွယ်လွန်သူသရုပ်ဆောင်အနေနဲ့ ပရိတ်သတ်များကို စကားစမြည်ပြောဆိုနိုင်ပေးမှာဖြစ်ပြီး အဆိုအရ Marilyn ရဲ့ အသံနဲ့ စတိုင်လ်အတိုင်း မေးခွန်းများကို ဖြေနိုင်မယ်လို့ ယခုပရောဂျက်နောက်ကွယ်ကကုမ္ပဏီက ကြေညာထားပါတယ်။
AI နည်းပညာကုမ္ပဏီ Soul Machines ဟာ Marilyn ပရိသတ်များအတွက် မမေ့နိုင်သောအတွေ့အကြုံကို ဖန်တီးပေးတဲ့ “ပုံတိုပတ်စများကို မျှဝေကာ စိတ်ကြိုက်နှုတ်ခွန်းဆက်စကားများကိုပင် ဝေမျှပေးမယ့် အပြန်အလှန်တုံ့ပြန်နိုင်တဲ့ အတွေ့အကြုံကို ပေးနိုင်တဲ့ Digital Marilyn” ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
AI မှထုတ်လုပ်ထားသော Digital Marilyn chatbot ဟာ “အဆင့်မြင့်သော သဘာဝဘာသာစကားလုပ်ဆောင်မှု၊ နက်ရှိုင်းသောသင်ယူမှုနဲ့ GPT 3.5 ကိုအသုံးပြုပြီး အချိန်နဲ့တပြေးညီ အပြန်အလှန်ဆက်သွယ်နိုင်တယ်” လို့ Soul Machines မှ သောကြာနေ့ ပရောဂျက်မှာ ကြေညာခဲ့ပါတယ်။
ဒစ်ဂျစ်တယ် Marilyn ဟာ အသုံးပြုသူများရဲ့ စိတ်ခံစားမှုများကို ဖတ်ရှုနိုင်ပြီး Soul Machine ရဲ့ မူပိုင်ကင်မရာနဲ့ မိုက်ခရိုဖုန်းနည်းပညာဖြင့် တုံ့ပြန်နိုင်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ “အပြန်အလှန်ဆက်ဆံမှုတိုင်းက ထူးခြားပါတယ်။ ဒစ်ဂျစ်တယ် Marilyn ဟာ သင့်စိတ်ကြိုက်ရွေးချယ်မှုများကို ခွဲခြမ်းစိတ်ဖြာပြီး ၎င်းရဲ့တုံ့ပြန်မှုများကို အံဝင်ခွင်ကျဖြစ်စေပြီး တစ်ဦးချင်းတိုင်းအတွက် ထပ်တူထပ်မျှသော စစ်မှန်သောချိတ်ဆက်မှုကို မြှင့်တင်ပေးတယ်” လို့ ဆိုထားပါတယ်။ Soul Machines ရဲ့အဆိုအရ ၎င်းရဲ့ဒစ်ဂျစ်တယ် Avatars များနဲ့အတူ ပျမ်းမျှစကားပြောဆိုမှုကြာချိန်မှာ မိနစ် 20 မျှရှိပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ ဒစ်ဂျစ်တယ် Marilyn ရဲ့ AI စွမ်းရည်များဟာ သူရဲ့ “သဘာဝ၊ ပြေပြစ်တဲ့ စကားအသုံးအနှုံးတွေ၊ သင်ရဲ့မေးခွန်းများနဲ့ စိတ်ဝင်စားမှုများကို အချိန်နှင့်တပြေးညီ လိုက်လျောညီထွေဖြစ်စေပြီး လူ့အာရုံကြောစနစ်ကို အတုယူခြင်းဖြင့်၊ ဒီနည်းပညာဟာ ဒစ်ဂျစ်တယ် Marilyn အား လက်တွေ့ဆန်သော စိတ်ခံစားမှုများနဲ့ အသွင်အပြင်များဖြင့် တုံ့ပြန်နိုင်တဲ့အပြင် နက်ရှိုင်းသော ကိုယ်ရေးကိုယ်တာနဲ့ အမှတ်တရ ဖြစ်စေမယ့် အတွေ့အကြုံတွေကိုလည်း ဖန်တီးပေးတယ်” လို့ သိရပါတယ်။
ဒစ်ဂျစ်တယ် Marilyn ပရောဂျက်ဟာ သေဆုံးသွားသော ထင်ရှားကျော်ကြားသူများပါ၀င်တဲ့ အခြားသော မကြာသေးမီက မျိုးဆက်သစ်-AI ပဏာမလုပ်ဆောင်မှုများထဲက နောက်ဆုံးပေါ် ဖြစ်ပါတယ်။ Marilyn အပြင် ယခုလို ပုံစံမျိုး AI နဲ့ ပြန်လည်တုပခြင်းခံရတဲ့ တခြားသော အနုပညာရှင်များကတော့ ပြင်သစ်အဆိုတော် Edith Piaf ရဲ့ ကာတွန်းအတ္ထုပ္ပတ္တိမှာ သူမရဲ့ အသံနဲ့ ရုပ်ပုံကို ထည့်သွင်းနိုင်ဖို့ AI ကို အသုံးပြုကာ ဖန်တီးထားသလို Calm App ရဲ့ AI မှ ထုတ်ထားတဲ့ အိပ်ရာဝင် ပုံပြင်ဖတ်ပြပေးတဲ့ Jimmy Stewart ရဲ့အသံတို့ ပါဝင်ပါတယ်။
Soul Machines က မတ် ၈ ရက် သောကြာနေ့၊ Austin ရှိ SXSW မှာ ဖိတ်ကြားထားသော သီးသန့်ပွဲတစ်ခုမှာ Digital Marilyn ကို ပထမဆုံး ပွဲထုတ်ခဲ့ပါတယ်။ အဆိုပါပရောဂျက်ဟာ “brand များနဲ့ သုံးစွဲသူများ ချိတ်ဆက်ရာမှာ AI ရဲ့ အသွင်ကူးပြောင်းမှုစွမ်းအားကို ပြသရန် ရည်ရွယ်တယ်” လို့ Soul Machines မှ co founder သာမက CEO ဖြစ်သူ Greg Cross မှ ပြောကြားခဲ့ပါတယ်။
“Digital Marilyn ဟာ ကျွန်ုပ်တို့ရဲ့ Biological AI ကို ပြသပြီး ထိတွေ့ဆက်ဆံရသော ဆွေးနွေးမှုများနဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးများမှတဆင့် ဘဝအတွက် အထင်ကရ ကိုယ်ရည်ကိုယ်သွေးကို ယူဆောင်လာပေးပါတယ်။ ဒါဟာ အတိတ်ကို လွမ်းဆွတ်ခြင်းထက်လည်း
ပိုပြီး နစ်မြုပ်နေတဲ့ အပြန်အလှန် ဆက်သွယ်မှုတွေရဲ့ အနာဂတ်ကို တစေ့တစောင်း ကြည့်ခြင်းပါပဲ။” လို့ Cross မှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Marilyn Monroe generative-AI chatbot ကို ကွယ်လွန်သူ သရုပ်ဆောင်များရဲ့ ရုပ်ပုံနဲ့ သဏ္ဍာန်တူခြင်းဆိုင်ရာ အခွင့်အရေးများကို စီမံခန့်ခွဲပေးနေတဲ့ Authentic Brand Groups နဲ့ ပူးပေါင်းကာ ထုတ်လုပ်ထားတာပါ။
Soul Machines ဟာ Carmelo Anthony၊ Jack Nicklaus၊ Mark Tuan နှင့် Francis Ngannou တို့အပါအဝင် အခြားသော AI အခြေခံ “ဒစ်ဂျစ်တယ်နာမည်ကြီးလူသိများသူများ” ကို ဖန်တီးထားပါတယ်။ ကုမ္ပဏီကို Cross နဲ့ အော်စကာဆုရှင် VFX ကြီးကြပ်ရေးမှူးနဲ့ အင်ဂျင်နီယာဖြစ်သူ Mark Sagar တို့က 2016 ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ Authentic Brands Group ရဲ့ portfolio မှာ Elvis Presley၊ Muhammad Ali၊ Shaquille O’Neal၊ David Beckham၊ Dr. J၊ Greg Norman၊ Sports Illustrated နဲ့ အခြားအရာများလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
Reference: AI-Generated Marilyn Monroe Chatbot Can Hold an Extended Conversation With ‘Realistic Emotions’ and Expressions, Company Claims by Variety
AMC HACKS