Mailchimp က စီးပွားရေးလုပ်ငန်းငယ်တွေနဲ့ အွန်လိုင်းစတိုးတွေအတွက်သာမက စီးပွားရေးလုပ်ငန်းကြီးတွေအတွက် သင့်လျော်တဲ့ email marketing platform တစ်ခုပဲ ဖြစ်ပါတယ်။ email campaign တွေကို မိမိရဲ့ customer တွေနဲ့ subscribers တွေဆီ ဖန်တီး၊ပေးပို့၊ ခြေရာခံနိုင်ဖို့အတွက် လိုအပ်တဲ့ features တွေကို ထောက်ပံ့ပေးပါတယ်။
1. AI-powered Content Optimizer – AI ကို အသုံးပြုပြီးတော့ မိမိရဲ့ email campaign ကို ဘယ်လိုပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်တယ်ဆိုတဲ့ အကြုံပြုချက်တွေ ရယူလို့ ရပါတယ်။
2. Send day optimization – နောက် campaign အသစ်တွေအတွက် ဘယ်အချိန်က mail ပို့သင့်တဲ့အချိန်လဲဆိုတဲ့ ခန့်မှန်းချက်တွေကိုလည်း ပြသပေးပါတယ်။
3. Mailchimp Surveys – Mailchimp ကနေ တိုက်ရိုက် email list တွေကိုလည်း surveys တွေ ပို့ပေးပါတယ်။
4. SMS text messaging – တခြား service provider တွေနဲ့ ချိတ်ဆက်စရာမလိုဘဲ Mailchimp ကနေ တိုက်ရိုက် စာတို message တွေလည်း ပို့ပေးလို့ ရပါတယ်။
5. Multichannel Calendar – အမျိုးမျိုးသော channel တွေနဲ့ platform တွေပေါ်မှာ marketing ပိုင်းဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ခြေရာခံလို့ ရစေပါတယ်။
6. Analytics and Reporting Tools- Mailchimp က Google Analytics နဲ့ Power BI လိုမျိုး analytics tools တွေနဲ့လည်း ပေါင်းစပ်ထားပါသေးတယ်။
မိမိရဲ့ mail list ကို စီမံခန့်ခွဲဖို့၊ ဆွဲဆောင်မှုရှိတဲ့ campaign design တွေ ဖန်တီးဖို့၊ mails တွေ အလိုအလျောက်ပို့ပေးဖို့နဲ့ campaign ရဲ့ စွမ်းဆောင်ရည်ကို ခြေရာခံနိုင်ဖို့ အထောက်အပံ့ဖြစ်တဲ့ features များစွာ ပါဝင်ပါတယ်။