“London မှာ AI Hub ဖွင့်ကာ ကျွမ်းကျင်ပညာရှင်တွေ စတင်ခေါ်ယူနေတဲ့ Microsoft”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Microsoft က လန်ဒန်မှာ major AI စင်တာအသစ်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။ Microsoft AI London အခြေ စိုက်စခန်းက language model တွေကို ပိုမိုကောင်း မွန်အောင် မွမ်းမံခြင်း၊ infrastructure ပိုင်းတွေကို ထောက်ပံ့ပေးခြင်း နဲ့ model တွေအတွက် အထောက်အပံ့ဖြစ်စေမယ့် ကိရိယာတွေကို အလေးပေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီစင်တာကို လန်ဒန်အခြေစိုက် AI ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Inflection နဲ့ DeepMind တို့မှာ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တစ်ဦးအဖြစ် နာမည်ရခဲ့တဲ့ AI သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Jordan Hoffmann က ဦးဆောင်သွားမှာပါ။

UK မှာ AI ကျွမ်းကျင်ပညာရှင်တွေ များစွာရှိပြီးတော့ Microsoft AI ကလည်း ရေရှည်စီမံကိန်းအနေနဲ့ ဒေသတွင်းမှာ ရင်းနှီးမြှပ်နှံမှာ ဖြစ်တာကြောင့် အကောင်းဆုံး AI သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို စတင်ငှားရမ်းနေပြီဖြစ်ကြောင်း Microsoft AI ရဲ့ EVP နဲ့ CEO ဖြစ်သူ Mustafa Suleyman က ဆိုပါတယ်။

AI startup Inflection ကို စတင် ပူးတွဲတည်ထောင်ခဲ့တဲ့ Suleyman က လန်ဒန်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးလည်း ဖြစ်ပါတယ်။ “ဒီနိုင်ငံမှာ ခေတ်မီဆန်းသစ်တဲ့ AI လုပ်ငန်းကို ပူးတွဲတည်ထောင်ခွင့်ရခဲ့တာ ဂုဏ်ယူမိပါတယ်။ UK မှာ ထူးကဲတဲ့ AI ကျွမ်းကျင်ပညာရှင်တွေ ပေါများပြီးတော့ AI ecosystem ကောင်းကောင်းရှိတာကိုလည်း သိရှိပြီး ဖြစ်ပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Microsoft ရဲ့ AI သုတေသန lab ခန်းက Cambridge မှာ ရှိပေမယ့်လို့ လက်ရှိ AI သုတေသနလုပ်ငန်းတွေကိုတော့ UK မှာ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Microsoft AI London စင်တာက ဗြိတိန်မှာ AI နယ်ပယ်ကို ချဲ့ထွင်တိုးတက်စေဖို့ရာ အလားအလာများစွာ ရှိပါတယ်။

Microsoft ရဲ့ မကြာသေးမီက ကြေညာခဲ့တဲ့ ကတိကဝတ်ပြုထားတဲ့ ပေါင် ၂.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုက UK လုပ်သားအင်အားကို တိုးမြှင့်ဖို့ရာနဲ့ AI infrastructure တည်ဆောက်ဖို့ရာ ရည်ရွယ်ထားကြောင်းအပြင် 2026ခုနှစ်မှာ နိုင်ငံတွင်းကို အဆင့်မြင့် GPU ပေါင်း 20,000 ယူဆောင်လာဖို့ရာ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

Microsoft AI London က နိုင်ငံအရပ်ရပ်က Microsoft teams တွေတင်မကဘဲ OpenAI လိုမျိုး ပါတနာများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ်‌တွေအတွင်း အလုပ်အကိုင် အခွင့်အလမ်းများကို ကြေငြာဖို့ရာ စီစဉ်ထားပြီး AI ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ စိတ်အားထက်သန်နေတဲ့ “ထူးခြားသော ကျွမ်းကျင်ပညာရှင်များ” ကို ရှာဖွေနေကြောင်းလည်း ဆိုပါတယ်။

“ယူကေအစိုးရ၊ စီးပွားရေးအသိုက်အဝန်းတင်မကဘဲ ပညာရပ်ဆိုင်ရာခေါင်းဆောင်တွေနဲ့အတူ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံဟာ AI ကို တာဝန်သိသိနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးတဲ့အပြင် လုံခြုံစိတ်ချရတဲ့ AI ကို ဖန်တီးမြှင့်တင်ဖို့ရာ ရည်ရွယ်ထားတာကို သိနိုင်ပါတယ်၊ ယူကေမှာ ဒီစင်တာကို ဖွင့်လှစ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဆုံးဖြတ် ချက်ကလည်း ဒီရည်မှန်းချက်နဲ့ အလားတူပဲ ဖြစ်ပါတယ်” လို့ Suleyman က ပြောကြားထားပါတယ်။

Reference: Microsoft AI opens London hub to access ‘enormous pool’ of talent by AiNews

AMC HACKS

Related