ပညာရေးနယ်ပယ်မှာ အသုံးပြုဖို့ရာအတွက် အဓိက ဖန်တီးထားတဲ့ ဂိမ်းပေါ် အခြေခံတဲ့ platform တစ်ခုဖြစ်တဲ့ Kahoot ကို စီးပွားရေးလုပ်ငန်းတွေမှာလည်း အသုံးပြုလို့ ရပါတယ်။ Kahoot ကို စီးပွားရေးနယ်ပယ်တွေမှာဆိုရင်
1. Training and Development – ဝန်ထမ်းသစ်တွေအတွက် လေ့ကျင့်သင်ကြားရေးမှာ ပိုမိုစိတ်ဝင်စားမှုရှိစေဖို့ရာ Kahoot ကို အသုံးပြုနိုင်ပါတယ်။
2. Team Building – Kahoot quizzes တွေကနေ့တဆင့် အဖွဲ့သားအချင်းချင်း ခင်မင်ရင်းနှီးမှု ရနိုင်ပါတယ်။
3. Assessments and Knowledge Check – Kahoot quizzes တွေကိုအသုံးချပြီးတော့ ဝန်ထမ်းတွေ သူတို့ရဲ့ အခန်းကဏ္ဍကို နားလည်မှု ရှိဖို့၊ ကုမ္ပဏီရဲ့ policy ကို သေချာသိရှိဖို့နဲ့ knowledge အသစ်တွေကို သိရှိစေဖို့ရာ ကူညီပေးနိုင်ပါတယ်။
4. Market Research – customer တွေဆီကနေ feedback တောင်းခံတဲ့နေရာမှာလည်း ပုံမှန်သမားရိုးကျ survey ကောက်တာထက် engagement ပိုမိုရရှိစေဖို့ရာ Kahoot ကို အသုံးပြုလို့ ရပါတယ်။
5. Marketing and Promotions – Kahoot quizzes ကို marketing campaign တွေမှာ အသုံးချပြီးတော့ customer တွေဆီကနေ မိမိရဲ့ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ပိုမိုရရှိနိုင်ပါတယ်။
Kahoot ကို စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် ဝန်ထမ်းတွေရဲ့ လေ့ကျင့်သင်ကြားရေးပိုင်းသာမကဘဲ marketing ကဏ္ဍ နဲ့ customer တွေကို ထောက်ပံ့ကူညီပေးဖို့တွေမှာ အသုံးချနိုင်ပါတယ်။