iOS တွေမှာ Google’s Gemini AI ကိုထည့်သွင်းလာနိုင်ခြေရှိလား ?

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Apple နဲ့ Open AI တို့ Deal လုပ်လိုက်ကြပြီး Apple Intelligence အမည်ရှိ AI Feature တွေကို iphone, Mac တို့မှာအသုံးပြုနိုင်တော့မယ်ဆိုတော့ Google’s Gemini AI ကိုပါထည့်သွင်းလာနိုင်ခြေရှိတယ်ဆိုတဲ့ နောက်ဆက် တွဲသတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘာကြောင့် ဒီသတင်းထွက်လာလဲဆိုရင်တော့ Apple ရဲ့ ဆော့လ်ဝဲအင်ဂျင်နီယာ Craig Federighi က iOS မှာနောက်ထပ် AI Model တွေကိုပါထပ်ပေါင်းသွားဖို့စဥ်းစားနေတာကြောင့်ပါပဲ။

သူဟာ “လက်ရှိဘာကြေညာချက်မှမရှိသေးပေမယ့် iOS အသုံးပြုသူတွေကို AI Model တွေစိတ်ကြိုက် ရွေးချယ်သုံးစေချင်တယ်၊ အဲ့ဒါက Google Gemini လည်းဖြစ်နိုင်တာပဲ” လို့ပြောခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ဘာတွေထပ်ထူးခြားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Source: The Verse

AMC HACKS

Related