Zoho People က Zoho ကော်ပိုရေးရှင်းကနေ human resource management အတွက် ဖန်တီးထားတဲ့ software တစ်ခုပဲ ဖြစ်ပါတယ်။ အမျိုးမျိုးသော HR လုပ်ငန်းစဉ်တွေကို အလိုအလျောက်လုပ်ဆောင်ဖို့၊ ဝန်ထမ်းဒေတာများကို စီမံခန့်ခွဲဖို့၊ အလုပ်ခန့်တဲ့ လုပ်ငန်းစဉ် ချောမွေ့စေဖို့၊ စွမ်းဆောင်ရည်စီမံခန့်ခွဲမှုကို လွယ်ကူချောမွေ့စေဖို့နဲ့ HR policies တွေနဲ့ အညီ သေချာစေဖို့ဆိုတဲ့ tools တွေကို ထောက်ပံ့ပေးပါတယ်။
Zoho People မှာဆိုရင်
1. Employee Database Management: ဝန်ထမ်းတွေနဲ့ဆိုင်တဲ့ အချက်အလက်တွေအားလုံးကို သိမ်းဆည်းထားပေးပါတယ်။
2. Attendance and Leave Management: ဇီဝမက်ထရစ်ကိရိယာတွေ အသုံးပြုပြီးတော့ဖြစ်ဖြစ် web ကနေ check in ဝင်ပြီးတော့ဖြစ်ဖြစ် ဝန်ထမ်းတွေ ရုံးတက်ရောက်ကြောင်းကိုလည်း သိရှိစေပါတယ်။ ဝန်ထမ်းတွေက ဒီ Zoho People ကနေတဆင့် ခွင်တိုင်ကြားလို့လည်း ရပြီး မန်နေဂျာတွေက ဒီခွင့်ကို ခွင့်ပြုပေးတာ ဒါမှမဟုတ် ပယ်ဖျက်တာတွေလည်း လုပ်လို့ရပါတယ်။
3. Performance Management: goals တွေ သတ်မှတ်လို့ ရပြီးတော့ performance ကို reviews လုပ်လို့လည်း ရပါတယ်။
4. Recruitment and Onboarding: ဝန်ထမ်းသစ်တွေ ခန့်အပ်ဖို့ရာ လျှောက်ထားသူတွေရဲ့ အခြေအနေကို ခြေရာခံလိုက်လို့ရပြီး ဝန်ထမ်းအသစ်တွေ ခေါ်ယူတဲ့ လုပ်ငန်းစဉ်ကို ပိုပြီး ချောမွေ့စေပါတယ်။
5. Time and Project Management: project နဲ့ task တွေကိုလည်း ကြာချိန်နဲ့ပတ်သက်ပြီး ခန့်မှန်းတိုင်းတာပေးပါသေးတယ်။ ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကိုသာမက project ရဲ့ timeline ကိုပါ ဒီ app ထဲမှာ တွေ့မြင်နိုင်ပါတယ်။
6. Employee Self-Service Portal: ဝန်ထမ်းတွေက သူတို့ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှူလို့ ရတဲ့အပြင် ပြုပြင်ဖို့ လိုအပ်တာတွေကိုလည်း ကိုယ်တိုင်ပြုပြင်လို့ ရပါတယ်။ ဒီအတွက်ကြောင့် HR တွေအနေနဲ့လည်း လုပ်ငန်းပိုင်းဆိုင်ရာမှာ သက်သာရာရစေပါတယ်။
7. HR Analytics and Reports: HR လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ တိုင်းတာမှုတွေကို ခွဲခြမ်းစိတ်ဖြာဖို့ရာ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ dashboard တွေ report တွေလည်း ထောက်ပံ့ပေးထားပါသေးတယ်။
8. Compliance and Document Management: အလုပ်သမားဥပဒေတွေနဲ့ ကုမ္ပဏီမူဝါဒတွေကို လိုက်နာမှုရှိစေဖို့ရာအတွက်လည်း tools တွေ ထောက်ပံ့ပေးထားပါသေးတယ်။
Zoho People က အဖွဲ့အစည်းတွေမှာ လူ့စွမ်းအားအရင်းအမြစ်တွေကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲဖို့ရာ အထောက်အကူပြုတဲ့ စွယ်စုံရ HR solution တစ်ခုပဲ ဖြစ်ပါတယ်။
AMC HACKS