“HR Management အတွက်အကောင်းဆုံး Software များ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ဒီနေ့အတွက်ကိုတော့ ကုမ္ပဏီလုပ်ငန်းတွေရဲ့ အရေးပါဆုံးကဏ္ဍတခုဖြစ်တဲ့ HR Management အတွက်အသုံးချနိုင်မယ့် Software တွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Smart HR – ဟိုတယ်၊ မားကတ်တင်း၊ အိုင်တီ စတဲ့ဘယ်လိုလုပ်ငန်းအမျိုးအစားအတွက်မဆို သုံးနိုင်ပါတယ်။ ကုမ္ပဏီဝန်ထမ်းခန့်အပ်ခြင်း၊ ဝန်ထမ်းတွေရဲ့ ရုံးတက်ရက်၊ ပျက်ကွက်ရက်၊ လုပ်‌ဆောင်ရည်တို့ကိုစီမံနိုင်ခြင်း၊ လစာတွက်ခြင်း၊ ကုမ္ပဏီအသုံးစရိတ်တွက်ချက်ခြင်း အစရှိတဲ့ HR ကဏ္ဍတွေအားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ လုပ်ငန်းအသေးစားကနေ ဝန်ထမ်းပေါင်းရာချီတဲ့ကုမ္ပဏီကြီး တွေအတွက်ပါ အသုံးချနိုင်တဲ့ Software တခုဖြစ်ပါတယ်။

၂။ Zoho People – ဝန်ထမ်းတွေအတွက်အချိန်ဇယားဆွဲပေးတာ၊ ရုံးတက်ရက်/ပျက်ရက်တွေကိုစီမံပေးတာ၊ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို သိမ်းထားပေးတာမျိုးတွေ လုပ်ပေးနိုင်တယ်။ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ရည်တွေ KPI ကိုပါတွက်ချက်ပေးနိုင်ပြီး စွမ်းဆောင်ရည်တက်ဖို့ ကူညီပေးနိုင်မယ့် Software တခုလည်းဖြစ်ပါတယ်။

၃။ Gusto – ဝန်ထမ်းတဦးချင်းစီတိုင်းရဲ့ အချက်အလက်တွေ၊ အလုပ်ချိန်တွေအပြင် အကျိုးခံစားခွင့်တွေ ကိုပါ စီမံနိုင်တယ်။ ဝန်ထမ်းတွေကို Onboarding လုပ်တာ၊ လစာတွက်ချက်တာ၊ ဆောင်ရွက်ချက် တင်ပြတာတွေလုပ်နိုင်ပါတယ်။

HR Management အတွက် Software အကူအညီယူချင်တဲ့ လုပ်ငန်းရှင်တွေအတွက် အသုံးတည့်ဖို့ မျှော်လင့်ပါတယ်။

အဆင်ပြေပါစေခင်ဗျာ။

AMC HACKS

Related