Grammarly က သဒ္ဒါ၊ စာလုံးပေါင်းသတ်ပုံ၊ ဝါကျအထားအသိုနဲ့ တွေကို ခွဲခြားစိတ်ဖြာပြီးတော့ သင့်လျော်မှန်ကန်တဲ့ အမှားပြင်ဆင်ချက်တွေကို အကြံပြုပေးခြင်းအားဖြင့် users တွေ စာအရေးအသားကို ပိုမိုကောင်းမွန်အောင် ကူညီပေးတဲ့ cloud ပေါ်အခြေခံတဲ့ writing assistant တစ်ခုဖြစ်ပါတယ်။ ၎င်းကို browser extension၊ desktop app၊ mobile app အနေနဲ့သာမက Microsoft Office ရဲ့ add-in အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။
Grammarly မှာ ဆိုရင်
1. Grammar and Spelling Check – သဒ္ဒါအမှားတွေ၊ စာလုံးပေါင်းနဲ့ သတ်ပုံအမှားတွေကို Grammarly က ခွဲခြားစိတ်ဖြာနိုင်ရုံသာမက ပြုပြင်ပေးနိုင်ပါတယ်။
2. Style and Tone Suggestions – စာအရေးအသား ရှင်းလင်းပြတ်သားမှု၊ တိကျမှုနဲ့ လေယူလေသိမ်း ပိုမိုကောင်းမွန်စေဖို့ရာ အကြံပြုချက်တွေ ပေးဆောင်ပြီးတော့ မိမိ ရေးသားတဲ့အကြောင်းအရာနဲ့ သင့်လျော်တဲ့ စာအရေးအသားကို အံဝင်ခွင်ကျဖြစ်အောင်လည်း ကူညီပေးပါတယ်။
3. Plagiarism Detection – plagiarism (ခိုးယူကူးချမှု) တွေ လျော့ချနိုင်ဖို့အတွက်လည်း Grammarly က စာတွေကို web pages ပေါင်း သန်းပေါင်းများစွာနဲ့ တိုက်ပြီး စစ်ဆေးပါတယ်။
4. Email Communication – လုပ်ငန်းသုံးအီးမေးလ်တွေက ပရော်ဖက်ရှင်နယ်ဆန်ပြီး ရှင်းရှင်းလင်းလင်းရှိဖို့ရာအပြင် အမှားကင်းစင်အောင်လည်း Grammarly က သေချာစေပါတယ်။
5. Content Creation – marketing teams တွေအတွက်ဆိုရင်လည်း အမှားကင်းစင်တဲ့ ဆွဲဆောင်မှုရှိတဲ့ blog တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ အခြား marketing ပိုင်းဆိုင်ရာ content တွေ ဖန်တီးတဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။
စီးပွားရေးလုပ်ငန်းတွေက အရေးအသားပိုင်းဆိုင်ရာတွေရဲ့ အရည်အသွေးကို Grammarly ကို အသုံးပြုပြီးတော့ မြှင့်တင်နိုင်မှာပဲ ဖြစ်ပါတယ်။