Google Analytics က website traffic ကို ခြေရာခံပြီး report ပြပေးတဲ့ web analytics service တစ်ခုပဲ ဖြစ်ပါတယ်။ Google Analytics မှာ ဆိုရင်
1. Tracking and Reporting: ဝင်ရောက်ကြည့်ရှူသူ(visitor) အရေအတွက်တွေ၊ ဝင်ရောက်ကြည့်ရှူခဲ့တဲ့ page တွေနဲ့ ဝင်ရောက်ကြည့်ရှုချိန်ကိုပါ မျက်ခြေမပြတ် အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်ပါတယ်။
2. User Behavior Analysis: website ကို ဝင်ရောက်ကြည့်ရှူသူတွေရဲ့ စိတ်ဝင်စားတဲ့အပိုင်းတွေ behavior တွေကို အသေးစိတ်ပြသပေးပါတယ်။ visitor တွေက site ကို ဘယ် page ကနေ ဘယ်လိုသွားတယ်ဆိုတဲ့ လမ်းကြောင်းတစ်လျှောက်ကိုပါ ပြသပေးတဲ့အတွက် ရေပန်းစားတဲ့ content နေရာကိုလည်း သိနိုင်သလို ဖြစ်ပေါ်လာနိုင်တဲ့ traffic ကျပ်တာတွေကိုလည်း သိရှိနိုင်ပါတယ်။
3. Acquisition Insights: visitor တွေက မိမိရဲ့ website ထဲကို search engines တွေ၊ ဆိုရှယ်မီဒီယာ၊ တိုက်ရိုက် website link ဒါမှမဟုတ် referral site တွေကနေ ဝင်ရောက်ကြည့်ရှုတာလားဆိုတာကိုပါ ခွဲခြားပြသပေးပါတယ်။
4. E-commerce Tracking: e-commerce site တွေအတွက် sales activity တွေ product ရဲ့ performance နဲ့ ငွေပေးငွေယူဒေတာတွေကိုပါ စောင့်ကြည့်လို့ ရပါတယ်။
5. Integration: ကြော်ငြာ campaigns တွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာဖို့ရာအတွက် Google Ads နဲ့လည်း ပေါင်းစပ်ထားပါတယ်။
6. Event Tracking: မိမိရဲ့ site ပေါ်မှာ visitor တွေရဲ့ interaction တွေကို ခြေရာခံပေးပါတယ်။ ဥပမာအနေနဲ့ download ဆွဲတာတွေ၊ video play တာတွေ နဲ့ button နှိပ်တာမျိုး အစရှိတာတွေပဲ ဖြစ်ပါတယ်။
Google Analytics ကို မိမိရဲ့ site အခြေအနေ နားလည်နိုင်ဖို့၊ marketing ပိုင်းဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့နဲ့ site ပေါ်မှာ visitors တွေ အသုံးပြုရ ပိုမိုကောင်းမွန်စေဖို့ရာအတွက် စီးပွားရေးလုပ်ငန်း အရွယ်အစားမျိုးစုံမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။