May 10 ရက် မနေ့က 2023 Google I/O event ကျင်းပပြီး products အသစ်တွေ ကြေညာချက်အသစ်တွေ ထုတ်လုပ်သွားပါတယ်။ အဲ့ဒီအထဲမှာမှ AI နဲ့ ပက်သက်တဲ့ သတင်းနှစ်ခုပါ ကြေညာသွားပါတယ်။
Google’s Bard
February မှာ ကြေညာခဲ့ပြီး March လမှာ waitlist နဲ့ sign up လုပ်ထားတဲ့သူတွေ စတင်အသုံးပြုလို့ရအောင် ဖြန့်ဖြူးခဲ့တဲ့ Bard ဟာ မနေ့ကစတင်ပြီး waitlist ကို ဖျက်သိမ်းလိုက်တာ နိုင်ငံပေါင်း 180 ကျော်မှာ စတင်အသုံးပြုလို့ရအောင် English version နဲ့အတူ ဖြန့်ဖြူးလိုက်ပါပြီ။
Bard ဟာ OpenAI ရဲ့ ChatGPT နဲ့ ဆင်တူတဲ့ chatbot တစ်ခုဖြစ်ပါတယ်။ မနေ့က ကြေညာချက်အရ Bard ဟာ နောက်ပိုင်းမှာ text နဲ့အပြင် ပုံတွေနဲ့ပါ ပြသနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း တစ်ခါတည်းကြေညာခဲ့ပါတယ်။
Bard ကို ယခုလို နိုင်ငံများစွာကို ပေးသုံးလိုက်ခြင်းဟာ လူတွေ ပိုမိုအသုံးပြုပြီး feedback ပြန်ပေးနိုင်အောင်၊ ထိုမှတဆင့် ပြုပြင်မွမ်းမံခြင်းတွေ ပိုတိုးတက်လာအောင် ပြုလုပ်ခြင်းတွေ လုပ်ဆောင်နိုင်အောင် ထုတ်လုပ်ပေးလိုက်ခြင်းဖြစ်ပြီး ယခုအချိန်မှာတော့ English version တစ်မျိုးတည်းနဲ့သာ အသုံးပြုလို့ ရနိုင်ဦးမှာပါ။ သို့ပေမယ့် သိပ်မကြာခင်မှာပဲ Korean နဲ့ Japanese Version ထုတ်လုပ်ပေးသွားဖို့ရှိပြီး ထိပ်တန်းဘာသာစကား 40 ကိုပါ ထည့်သွင်းပေးသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
Google’s AI Snapshot
Google’s Search ရဲ့ အနာဂါတ်ဟာ AI ဖြစ်လာမှာပါ။ ChatGPT လိုမျိုး မေးခွန်းတွေ မေး၊ ခိုင်းချင်တာ ခိုင်းလို့ရတဲ့ chatbot Bard ကို တစ်ဖက်မှာ ထုတ်လုပ်ထားပေမယ့်လည်း Google ရဲ့ အဓိကဖြစ်တဲ့ Search Engine ကိုပါ AI နဲ့ ပေါင်းစပ်ပြီး product အသစ်အနေနဲ့ ထုတ်ပြလာပါတယ်။ ထို product အသစ်ကို AI Snapshot လို့ ခေါ်ပြီး ပုံမှန် ကျွန်တော်တို့ search box အသုံးပြုသလိုပဲ မေးခွန်းများ သိချင်တာများ ရိုက်ထည့်ကာ ရှာဖွေနိုင်ပါတယ်။
Product တစ်ခုဆိုတာထက် ရှိပြီးသား Search Engine ကို AI အစိတ်အပိုင်းတစ်ခုပိုထည့်လိုက်တာဆိုရင် ပိုမှန်ပါလိမ့်မယ်။ AI Snapshot ရဲ့ အလုပ်လုပ်ပုံကတော့ ကျွန်တော်တို့ search engine မှာ ရှာဖွေသလိုမျိုး result တွေ ပြပေးတာအပြင် ကိုယ်ရှာလိုက်တဲ့အကြောင်းအရာရဲ့ အကျဉ်းချုပ်၊ သိသင့်တဲ့အချက်အလက် စတာတွေကို AI နည်းပညာနဲ့ တွက်ချက်ပြီး ဖော်ပြပေးတဲ့ နေရာလေးတစ်ခု ပါဝင်လာတာပါ။
လောလောဆယ်မှာ experiment အနေနဲ့သာ ရှိသေးပြီး error လေးတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီ AI ဟာ chatbot လိုမျိုး လူတွေနဲ့ interaction လုပ်ပေးတာမျိုး မဟုတ်ပဲ သိသင့်တဲ့ အချက်အလက်တွေကို AI ကနေ ကောက်နှုတ် ပြုပြင်ပြီး link တွေနဲ့အတူ ပြောပြပေးတာပါ။
Facebook ကိုရှာတာမျိုး၊ ဧဝရတ်တောင်ရဲ့ အမြင့်ဘယ်လောက်လဲ ရှာတာမျိုး စတဲ့ တိုက်ရိုက်မေးခွန်းမျိုးတွေကတော့ AI မလိုအပ်ပေမယ့် Paris ဒီအပတ်သွားရင် ဘယ်နေရာတွေ သွားရမလဲဆိုတဲ့ မေးခွန်းတစ်ခုတည်းနဲ့ 3 4 မျိုး တစ်ခါတည်းပါဝင်လာတဲ့ မေးခွန်းမျိုးမှာကျ Google ရဲ့ ပုံမှန် search engine က ထိထိရောက်ရောက် ရှာဖွေမပေးနိုင်ပါဘူး။ ဒီလိုနေရာတွေမှာ ဝင်ဖြည့်ပေးဖို့ ရည်ရွက်ချက်ကြောင့်ပဲ AI Snapshot ကို ထုတ်လုပ်လိုက်တာပါ။
အခုအချိန်မှာ AI Snapshot ဟာ မိတ်ဆက်ထားတဲ့ အဆင့်မှာပဲ ရှိသေးပြီး Google ရဲ့ Search Engine ကို AI နဲ့ ပုံမှန်ထက် ဘယ်လိုတွေ ပိုမိုတိုးတက် ပြောင်းလဲပေးနိုင်မလဲဆိုတာ demo ပြသခဲ့တာပါ။