Codeium က developer တွေ code ရေးတဲ့နေရာမှာ မြန်မြန်ဆန်ဆန် အလုပ်ပြီးမြောက်စေဖို့ရာ ကူညီပေးတဲ့ AI အသုံးချ tool တစ်ခုပဲ ဖြစ်ပါတယ်။ Codeium က မိမိ typing ရိုက်လိုက်တဲ့အခါတိုင်းမှာ အကြံပြုချက်တွေကို ပြသပေးဖို့ရာအတွက် public code တွေပေါ်မှာ train ထားတဲ့ AI model ကြီးတွေကို အသုံးပြုပါတယ်။
Codeium မှာ ဆိုရင်
1. Code Suggestions: code ရေးသားတဲ့နေရာမှာ အမြန်ပြီးစီးဖို့ရာအတွက် အချိန်နဲ့တပြေးညီ suggestions တွေ ထောက်ပံ့ပေးတာကြောင့် ထပ်တလဲလဲရေးသားဖို့ လိုအပ်တဲ့ code တွေ ရေးသားတဲ့အချိန်ကိုလည်း လျော့သွားစေပါတယ်။
2. Language Support: programming languages များစွာမှာလည်း အသုံးပြုလို့ရတာကြောင့် မတူညီတဲ့ development environment တွေမှာလည်း အသုံးပြုလို့ရပါတယ်။
3. Context Awareness: မိမိရေးသားနေတဲ့ code ရဲ့ ဆက်စပ်မှုတွေကိုလည်း နားလည်နိုင်စွမ်းရှိတာကြောင့် သင့်လျော်ပြီး တိကျတဲ့ code suggestions တွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
4. Integration: လူကြိုက်များတဲ့ IDE တွေနဲ့ code editors တွေမှာ အသုံးပြုနိုင်တာကြောင့် လက်ရှိ workflow မှာပဲ အလွယ်တကူ အသုံးပြုလို့ ရပါတယ်။
5. Learning from Codebase: မိမိရဲ့ coding style နဲ့ ပရောဂျက်ရဲ့ လိုအပ်ချက်ပေါ်မှာ မူတည်ပြီးတော့ ကိုက်ညီတဲ့ suggestions တွေ ပေးနိုင်ဖို့ရာအတွက် codebase ကို လေ့လာတာမျိုးလည်း ရှိတတ်ပါတယ်။
Codeium က programming languages ပေါင်း 70 ကျော်ကို ထောက်ပံ့ပေးထားပါတယ်။ လူသုံးများတဲ့ language တွေ ဖြစ်ကြတဲ့ Python, JavaScript, TypeScript, Java, C++, PHP, Go, Rust, Ruby တို့လည်း ပါဝင်ပါတယ်။ Codeium က တစ်ဦးတစ်ယောက်ချင်းအတွက် အခမဲ့အသုံးပြုလို့ ရပြီးတော့ အဖွဲ့လိုက်နဲ့ လုပ်ငန်းသုံးအတွက်က ငွေပေးချေပြီး အသုံးပြုရမှာပဲ ဖြစ်ပါတယ်။
AMC HACKS