New York Times ရဲ့ သတင်းရင်းမြစ်တွေအရ Apple ရဲ့ ကာလရှည်ကြာ မျှော်လင့်ထားခဲ့ရတဲ့ Siri ကို generative AI နဲ့ ပြန်လည်ဖန်တီးမယ့်ပုံစံက ChatGPT လိုမျိုး system တွေနဲ့ မတူဘူးလို့ သိရပါတယ်။
အတွင်းသတင်းတွေအရ Siri က generative AI ကို အသုံးပြုမှာ ဆိုပေမယ့် အဓိကအနေနဲ့ သမားရိုးကျ လုပ်ငန်းစဉ်တွေမှာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ပိုမိုကောင်းမွန်တဲ့ တုံ့ပြန်မှုတွေနဲ့အတူ အပြန်အလှန်စကားပြောဆိုတဲ့နေရာမှာ အရင်ကထက် ပိုမိုပြေပြစ်သွားမယ်လို့ ဆိုပါတယ်။
Siri က စာသားမက်ဆေ့ချ်တွေနဲ့ အသိပေးချက်တွေကိုလည်း အကျဉ်းချုပ်ပေးနိုင်တော့မယ်လို့ သိရပါတယ်။ Siri က cloud အစား users တွေ စက်ပစ္စည်းကို အသုံးပြုပြီး တောင်းဆိုလာတဲ့ requests တွေကို ကိုင်တွယ်ဖြေရှင်းပေးရတာကြောင့် Apple အနေနဲ့ privacy ပိုင်းမှာလည်း အဓိကထားလုပ်ဆောင်ထားမယ်ဆိုတာ အံဩစရာတော့ မဟုတ်ပါဘူး။
ဒီပြုပြင်မွမ်းမံမှုက Apple အတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖန်တီးပေးနိုင်ဖွယ်လည်း ရှိပါတယ်။ အရင်က ကုမ္ပဏီဘက်ကနေ ဒီ voice assistant နဲ့ ပတ် သက်ပြီး အရေးတယူ ပြုပြင်ပြောင်းလဲတာမျိုး မရှိခဲ့ပါဘူး။ OpenAI ရဲ့ ChatGPT ကို မိတ်ဆက်ပြီး နောက်ပိုင်းမှသာ Siri အပေါ်မှာ အာရုံစိုက်မှု ပြန်လည်ရောက်ရှိလာတာပဲဖြစ်ပါတယ်။ Apple AI အကြီးအကဲ John Giannandrea (ယခင် Google) နဲ့ software engineering VP Craig Federighi တို့က ChatGPT ကို ရက်သတ္တပတ်ကြာ လေ့လာခဲ့ကြပြီး 2023 ခုနှစ်အစောပိုင်းမှာ Siri ကိုလည်း ပြန်လည်မွမ်းမံဖို့ရာ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။
လျှပ်စစ်ကားထုတ်ဖို့ကိစ္စကို ဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်က Siri ကို ပြန်လည်ဆန်းသစ်ဖို့ရာ ပိုမို အာရုံစိုက်ချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Apple က ဇွန်လ 10 ရက်နေ့ WWDC မှာ ပြန်လည်မွမ်းမံထားတဲ့ Siri ကို iOS 18 မှာ ထည့်သွင်းမိတ်ဆက်နိုင်ခြေရှိပါတယ်။ တခြား updates တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။
2011 ခုနှစ် အောက်တိုဘာလတုန်းက Apple က Siri ကို iPhone 4S နဲ့ စတင်မိတ်ဆက်ခဲ့တုန်းက နည်းပညာနယ်ပယ်မှာ အောင်မြင်မှုတစ်ခုအနေနဲ့ သတ်မှတ်ခံခဲ့ရပါတယ်။ အဲ့အချိန်မတိုင်မီအထိက voice assistant တွေက အတော်လေး အခြေခံကျပြီး မေးခွန်းတစ်ခုဖြေဆိုနိုင်ဖို့ရာ အလွန်တိကျတဲ့ စကားစုတွေ ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။ Apple ရဲ့ Siri က ပိုပြီး သဘာဝကျတဲ့ အမိန့်တွေ၊မေးခွန်းတွေကို နားလည်နိုင်ပြီးတော့ web ရှာဖွေမှုလိုအပ်တဲ့ မေးခွန်းအချို့ကိုလည်း ဖြေဆိုနိုင်ပါတယ်။
Siri က အဲ့နောက်ပိုင်းနှစ်တွေမှာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာမျိုး မရှိတဲ့အပြင် Amazon ရဲ့ Alexa နဲ့ Google Assistant တို့ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေခဲ့ရတာပါ။ Siri ရဲ့ အကန့်အသတ်ရှိတဲ့ စွမ်းဆောင်ရည်တွေကြောင့် HomePod ကအချို့သောကဏ္ဍတွေမှာ အသုံးမ၀င်ဘူးဆိုတာ smart home နယ်ပယ်မှာ အထူးသတိပြုမိကြပါတယ်။
generative AI ကို အခြေခံပြီး ပြန်လည်မွမ်းမံတာက ဒီ voice assistant တွေကြား ပြိုင်ဆိုင်မှုအခင်းအကျင်းကို ပြောင်းလဲစေနိုင်ပါတယ်။ Google Assistant ကို Gemini က အမှန်တကယ်အစားထိုးနိုင်ခြင်း မရှိသေးတဲ့အပြင် Alexa မှာလည်း generative AI features အနည်းငယ်သာရှိပါတယ်။ သီအိုရီအရ Apple က Siri ရဲ့ အလုပ်လုပ်ပုံပေါ်မှာ နည်းပညာ အချက်အချာကျအောင် ဖန်တီးနေတယ်လို့ ယူဆရပါတယ်။
Reference: Apple Siri Revamp With Generative AI May Share Little With ChatGPT by Techopedia
AMC HACKS