ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ စာရင်းကိုင်လုပ်ငန်းတွေကို လွယ်ကူချောမွေ့စေမယ့် software, FreshBooks

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

FreshBooks က အသေးစားစီးပွားရေးလုပ်ငန်းငယ်တွေအတွက် အဓိကဖန်တီးထားတဲ့ cloud-based စာရင်းကိုင် software တစ်ခုဖြစ်ပါတယ်။ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ စာရင်းကိုင်လုပ်ငန်းတာဝန်တွေကို လွယ်ကူစေပြီး အသုံးပြုရလွယ်တဲ့ interface ကြောင့် လုပ်ငန်းလည်ပတ်မှုကို ပိုမိုချောမွေ့စေပါတယ်။ FreshBooks မှာ ဆိုရင်

1. Invoicing – FreshBooks မှာ ပရော်ဖက်ရှင်နယ် invoices တွေကို ဖန်တီးနိုင်ရုံသာမက စိတ်ကြိုက်ပြင်ဆင်နိုင်ပြီးတော့ clients တွေထံ တစ်ခါတည်း ပေးပို့နိုင်ပါတယ်။

2. Expense Tracking – ငွေသားစီးဆင်းမှုကို စီမံခန့်ခွဲနိုင်ဖို့နဲ့ အခွန်အတွက် ကြိုတင်ပြင်ဆင်နိုင်စေဖို့ FreshBooks မှာ ကုန်ကျစရိတ်တွေကို ခြေရာခံပြီး အမျိုးအစား ခွဲခြားသတ်မှတ်နိုင်ပါတယ်။

3. Multi-currency and Multi-language Support – နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေအတွက် currency ပေါင်းစုံနဲ့ ဘာသာစကားပေါင်းစုံကိုလည်း ထောက်ပံ့ပေးထားပါတယ်။

4. Mobile App – FreshBooks ဟာ iOS နဲ့ Android devices တွေအတွက်လည်း mobile application တွေရှိပြီးတော့ သုံးစွဲသူတွေ သွားရင်းလာရင်းနဲ့ မိမိရဲ့ ငွေကြေးတွေကို စီမံခန့်ခွဲနိုင်စေပါတယ်။

5. Client Portal – FreshBooks မှာ clients တွေက invoices တွေကို ကြည့်ရှူပြီး ငွေပေးချေနိုင်ဖို့၊ ငွေပေးချေမှုမှတ်တမ်းတွေကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ မိမိရဲ့ လုပ်ငန်းနဲ့ ဆက်သွယ်နိုင်ဖို့ client portal ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

FreshBooks က စီးပွားရေးလုပ်ငန်းငယ်တွေနဲ့ freelancer တွေအတွက် စာရင်းအင်းပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ရိုးရှင်းလွယ်ကူ‌စေတဲ့အတွက် မိမိစီးပွားရေးလုပ်ငန်းရဲ့  အဓိက လုပ်ငန်းဆောင်တာတွေမှာ ပိုမိုအချိန်ပေးနိုင်စေပါတယ်။

Related