OpenAI က ဖေဖော်ဝါရီလတုန်းက ChatGPT မှာမေးမြန်းထားတဲ့ prompts တွေနဲ့ အခြားစိတ်ကြိုက်ပြင်ဆင်မှုတွေကို ပိုမိုအချိန်ကြာမြင့်စွာ သိမ်းဆည်းနိုင်ဖို့အတွက် Memory အမည်ရ feature အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။
အဲ့အချိန်တုန်းက user အနည်းငယ်ပဲ ဒီ feature အသစ်ကို စမ်းသပ်အသုံးပြုလို့ရခဲ့ပေမယ့် ယခုအခါမှာတော့ ဥရောပနဲ့ ကိုရီးယားနိုင်ငံများရှိ အသုံးပြုသူတွေမှ လွဲလို့ ChatGPT Plus ကို subscribe လုပ်ထားသူတွေ အသုံးပြုလို့ ရနေပါပြီ။
ChatGPT ရဲ့ Memory က အသုံးပြုသူပေါ်မူတည်ပြီး chatbot ရဲ့ ပြန်လည်ဖြေဆိုချက်တွေကို ပိုမိုတိကျစေဖို့ရာ နည်းလမ်းနှစ်ခုနဲ့ အလုပ်လုပ်ပါတယ်။ ပထမနည်းက အသုံးပြုသူအနေနဲ့ အချို့သော အသေးစိတ်အချက် အလက်တွေကို ChatGPT ကို မှတ်သားထားစေတာမျိုးနဲ့ ဒုတိယနည်းက ကုမ္ပဏီရဲ့ app တော်တော်များများမှာ ရှိတဲ့ algorithms တွေရဲ့ နည်းအတိုင်း အပြန်အလှန်စကားပြောဆိုခြင်းကနေ လေ့လာသင်ယူတဲ့ နည်းပဲ ဖြစ်ပါတယ်။ Memory feature က ChatGPT ကို ပိုမိုကောင်းမွန်တဲ့ AI assistant အဖြစ် ပံပိုးပေးပါတယ်။
The Verge ရဲ့ David Pierce က ထောက်ပြထားတဲ့အတိုင်း အချို့သောအသုံးပြုသူတွေက “chatbots တွေဟာ ကိုယ့်အကြောင်းကို သိနေတယ်ဆိုတဲ့အချက်က ကြောက်စရာကောင်းတယ်” လို့လည်း ဆိုကြပါတယ်။ OpenAI ကတော့ ChatGPT ကနေ ရယူထားတဲ့ data တွေဟာ သုံးစွဲသူတွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိမယ်လို့ ဆိုပါတယ်။
အစောပိုင်းစမ်းသပ်မှုတွေနဲ့ မတူဘဲ ထပ်မံပါဝင်လာတဲ့ အပြောင်းအလဲတစ်ခုကတော့ ChatGPT ကနေ memories တွေကို ပြုပြင်ပြောင်းလဲရတဲ့အခါ သက်ဆိုင် ရာ အသုံးပြုသူတွေကို အသိပေး ပြောပြသွားမယ်လို့ OpenAI က ဆိုပါတယ်။
အသုံးပြုသူတွေဟာ ChatGPT က အပြန်အလှန်ပြောဆိုထားတဲ့ conversation တွေကနေ မည်သည့်အရာတွေ မှတ်ယူသွားတယ်ဆိုတာကို ပြန်လည်စီစစ်ပြင်ဆင်နိုင်ပြီးတော့ ကိုယ်မမှတ်သားစေချင်တဲ့ အရာတွေကိုလည်း ဖျက်ချလို့ ရနိုင်ပါတယ်။
ChatGPT က user နဲ့ အပြန်အလှန် ပြောဆိုနေကြရင်း user က ရှေ့မှာ ဘာတွေပြောဆိုခဲ့တယ်ဆိုတဲ့ အသေး စိတ်အချက်အလက်တွေကို မှတ်မိပါတယ်။ ဥပမာအနေနဲ့ chatbot ကို email တစ်စောင်ရေးဆွဲဖို့ရာ တောင်းဆိုပြီးတဲ့နောက် chatbot ကနေ email တစ်စောင် reply ပြန်ပေးပါတယ်။
အဲ့နောက်မှာမှ “make it more professional” ဆိုပြီး စာသားကို ထပ်မံပို့လိုက်တဲ့အခါမှာလည်း ဒီစာသားက email ကို ပြန်လည်ညွှန်းဆိုတယ်ဆိုတာ သိပြီး သက်ဆိုင်ရာ reply ထပ်မံပေးပါတယ်။ ဒါပေမဲ့ အချိန်အတော်ကြာမှ စကားပြန်ပြောတာမျိုး conversation အသစ်ဖွင့်တာမျိုးတွေဆိုရင်တော့ အပေါ်မှာ ပြောခဲ့ပြီးသားတွေကို ပြန်ပြီး recall မခေါ်ပါဘူး။
OpenAI ရဲ့ Memory feature ကို Europe နဲ့ Korea မှာ အသုံးပြုလို့မရတဲ့ အကြောင်းပြချက်ကိုတော့ ဖော်ပြထားတာမျိုး မရှိပါဘူး။ Memory Feature က ChatGPT Enterprise နှင့် Teams မှာအပြင် GPT Store မှာရှိတဲ့ custom GPTs တွေမှာပါ ရရှိသွားမယ့်အကြောင်း ကုမ္ပဏီက ပြောကြားထားပေမယ့် ဘယ်အချိန်မှာ ရရှိနိုင်မယ်ဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။
Reference: ChatGPT’s AI ‘memory’ can remember the preferences of paying customers by TheVerge
AMC HACKS