“Facebook မှာကြော်ငြာတွေကို စနစ်တကျဖန်တီးဖို့ Ads Manager”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ကိုယ်ပိုင် Facebook Page ရှိတဲ့သူတွေ၊ ကိုယ့် Page ကိုစနစ်တကျ Boost လုပ်ချင်သူတွေ၊ ပုံမှန်အားဖြင့် Page ထဲက Boost ခလုတ်ကိုပဲနှိပ်ပြီးတော့ ကြော်ငြာနေတဲ့သူတွေအနေနဲ့ Boost ခလုတ်အစား Ads Manager App ကိုသုံးပြီးတော့ ကြော်ငြာကြည့်ပါ။ ဒေါ်လာဈေးတွေတက်နေချိန်မှာ ထိရောက်စွာကြော်ငြာနိုင်ဖို့ဖြစ်ပါတယ်။

Facebook မှာ Boost လုပ်ပြီးတော့ကြော်ငြာတယ်ဆိုတာကိုတော့ ကြားဖူးကြမှာပါ။ ကိုယ်ပိုင် ဖေ့ဘုတ်ပေ့ချ်ကို ကိုယ်တိုင် Boost လုပ်နေကြတဲ့သူတွေလည်းရှိပါတယ်။ Ads Manager App မှာတော့ ကြော်ငြာဖို့အတွက် အဆင့်တွေအများကြီးပိုလုပ်ရတယ်၊ ကြော်ငြာရလဒ်တွေကိုလည်း ပိုကောင်းစေပါတယ်။

Ads Manager ထဲမှာဆိုရင် —–

၁။ ကြော်ငြာကမ်ပိန်းတွေကို စနစ်တကျဆောက်လို့ရတယ်။ လူသိများဖို့အတွက်လား၊ ပို့စ်ကို Like, Comment, Share များဖို့အတွက်လား၊ လူများများဝယ်ဖို့အတွက်လား အစရှိတဲ့ ကမ်ပိန်းတွေကို အဆင့်ဆင့်ချိတ်ဆက်ပြီးတော့လုပ်ဆောင်နိုင်ပါတယ်။

၂။ Customers တွေရဲ့ နေရာဒေသ၊ အသက်အရွယ်အပိုင်းအခြား၊ စိတ်ဝင်စားမှုတွေကို စုဆောင်းပြီးတော့ ကြော်ငြာတွေကို ရလဒ်ပိုကောင်းအောင် ထိရောက်စွာဖန်တီးနိုင်ပါတယ်။

၃။ ပိုမိုထိရောက်တဲ့ ကြော်ငြာတွေဖန်တီးနိုင်ဖို့၊ လုပ်ငန်းအမြတ်စွန်းထွက်ဖို့အတွက် ကြော်ငြာနှစ်ခု ပြိုင်တူဖန်တီးတာ၊ ရလဒ်နှိုင်းယှဥ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။

၄။ ကြော်ငြာကို လူဘယ်လောက်များများ သိသွားလဲ၊ ဘယ်အသက်အရွယ်တွေများလဲ၊ ဘယ်ပြည်နယ်တွေမှာ နေထိုင်ကြလဲ၊ ကြော်ငြာတွေကဘယ်လောက်ထိရောက်မှုရှိလဲ အစရှိတဲ့ ကြော်ငြာရလဒ်တွေကို အသေးစိတ် ဖော်ပြပေးနိုင်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းအတွက် ထိရောက်တဲ့ကြော်ငြာတွေကိုဖန်တီးနိုင်ဖို့ဆိုရင် Boost ခလုတ်နှိပ်ပြီးတော့ ကြော်ငြာမယ့်အစား Ads Manager App ကိုသုံးဖို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။ Laptop သမားတွေအတွက် ကတော့ Facebook App ထဲက Ads Manager ဆိုတဲ့ Feature ခလုတ်နဲ့အတူတူပါပဲ။

App Version ကိုတော့ ပလေးစတိုးကနေ Download ယူနိုင်ပါတယ်။

AMC HACKS

Related